Part 38

671 6 0
                                    

Unicode

မိုးစက်နဲ့ကိုကို ရဲ့ မင်္ဂလာပွဲက နောက်လထဲမှာဖြစ်သည်။ ဖိတ်စာကိစ္စ၊လက်ဝတ်ရတနာကိစ္စတွေ ၊ပန်းကြဲ ၊လက်စွပ်ကိုင် ၊သတို့သား၊သတို့သမီးအရံတွေ အတွက် ဝတ်စုံတွေ၊ခန်းမအတွက် အပြင်အဆင်တွေ၊pre weddingပုံတွေရိုက်ဖို့ ကိစ္စက အစ လူကြီးတွေက မိုးစက်တို့ စိတ်တိုင်းကျ အကုန်လုပ်ပေးသည်မို့ ကိုကိုနဲ့မိုးစက်က ဘာမှ တော့ သိပ်လုပ်စရာမလိုပါ။အဓိက ကိုကိုနဲ့ မိုးစက် လုပ်ရမှာက အပ်ထားတဲ့ မင်္ဂလာဝတ်စုံ သွားဝတ်ရမှာပင်။

အစကတော့ ready madeပဲရှာဝယ်မလို့ပင်။သို့သော် ကိုကိုက တစ်သက်မှာ တစ်ခါပဲ တောင်ရတဲ့ မင်္ဂလာပွဲကို ဒီလိုကြီးမဖြစ်ချင်ဘူးပြောလာပြီး သူ့သူငယ်ချင်း ဒီဇိုင်နာအမဆီမှာ မိုးစက်တို့မင်္ဂလာနေ့အတွက် ဝတ်စုံအပ်ဖြစ်လိုက်ကြသည်။ဒီနေ့ကတော့ ဝတ်စုံရပြီပြောတာနဲ့ သွားပြီးစမ်းဝတ်ရမှာမို့ မိုးစက်ရင်တော့ တော်တော်ခုန်နေရသည်။

"သဲငယ် ကိုယ်ရောက်ပြီနော်"

"ဟုတ်ကိုကို"

"ပြီးပြီလားသဲငယ်က"

"ဟုတ် "

"အဲ့တာဆိုသွားကြမယ်လေ...အန်ကယ်နဲ့အန်တီ ကျွန်တော်တို့သွားနှင့်ပြီနော်"

"အေကွယ်"

မင်းဆက်လည်းသဲငယ်လက်ကိုကိုင်ကာ ကားပေါ်တတ်လိုက်ပြီး သူ့သူငယ်ချင်းဒီဇိုင်နာအမရဲ့ Fashion houseသို့ထွက်ခဲ့လိုက်သည်။

"ဟော...ရောက်လာကြပြီပေါ့"

မင်းဆက်တို့ရောက်တော့ မင်းဆက်သူငယ်ချင်းက စကားဦးသမ်းလာသည်။

"ရောက်ပြီ ...ဘယ်လိုလဲ ဝတ်စုံ​အခြအနေ"

"အခြေအနေက အကုန်အဆင်ပြေတယ်...ဝတ်ကြည့်မှ လိုက် မလိုက်သိရမှာ"

"okayကွာ"

"ဒါနဲ့ မင်းဆက် နင်က ဘာလို့ အဲ့လောက်မြန်မြန်ယူချင်နေရတာလဲ"

ကိုကို့ သူငယ်ချင်းအမ က ကိုကို့ကု မေးလာတော့ ကိုကိုက မိုးစက်ဘက်ကိုလှည့်ပြီးပြုံးလာသည်။မိုးစက်လည်း အမြင်ကပ်ကပ်နဲ့

"ကိုကို က သူ အသက်ကြီးနေပြီမလို့ အတင်းယူတာလေ"

"ဟား"

𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) CompleteWhere stories live. Discover now