Chapter 9
May 24, 2024👻Chapter 9:
ဝိဥာဥ်လက်ထပ်ပွဲ (8)
“ရှောင်ရွှယ်...မင်းက ကိုယ့်ကို ခွင့်လွှတ်ပေးဖို့ ဆန္ဒရှိနေတာလား"
လီပင်းက ချက်ချင်းပင် ယုံကြည်ချက်တို့ ရှိလာသည်။ ဆိုရလျှင် သူက လော့ဇီယန်နှင့် ကျင်းထျန်းယိတို့ နှစ်ယောက်က သူတို့ကို ဤနေရာတွင် ချန်ထားခဲ့ပြီး ချူကျောင်းအစီအစဥ်အတိုင်း ချောင်အိမ်တော်သို့ လိုက်သွားလိမ့်မည်ဟု မယုံချေ။
သူတို့၏ တာဝန်က အသစ်လေးများကို ကူညီရန် ဖြစ်သည်။
ချူဟွိုက်က ဝမ်ရွှယ်ကို စိုက်ကြည့်နေရင်း သူ့မျက်လုံးများက တဖြေးဖြေး နက်ရှိူင်းလာသည်။
"ဝမ်ရွှယ်"
လော့ဇီယန်က မျက်မှောင်ကြုတ်လိုက်ရင်း " မင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးပြီလို့ ထင်နေတာ..." သူက ဝမ်ရွှယ် အမြင်မှန်မရပဲ လီပင်းကို ဖက်တွယ်နေသေးသည့် အကြောင်းရင်းကို နားမလည်ချေ။
“ဟုတ်တယ်" ဝမ်ရွှယ်က နူးနူးညံ့ညံ့ ပြန်ဖြေလာသည်
" စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးပါ အစ်ကိုလော့...ကျွန်မ ကျွန်မက လီပင်းနဲ့ ဒီမှာ အတူတူနေခဲ့ချင်လို့ပါ"
“ကောင်းပြီလေ" လော့ဇီယန်က ဤကိစ္စကို အာရုံနောက်ခံပြီး ဂရုစိုက်မနေတော့ချေ " ဒါဖြင့် မင်း ဂရုစိုက်ရမယ်နော်"
“လီပင်း...ရှင် တကယ်ပဲ ကျွန်မတို့နဲ့အတူ မလိုက်တော့ဘူးလား" ချူဟွိုက်က သူ့ကို တစ်ကြိမ်ထပ်ပြီး တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
ချူဟွိုက်၏ အကြည့်အောက်တွင် လီပင်းက တွန့်ဆုတ်ဆုတ် ဖြစ်လာရသည်။ သူ၏ လက်ရှိ ခံစားနေရသော ခံစားချက်ကို ဝန်မခံချင်၍ ဒေါသတကြီး ပြောလာသည်
" ငါက ဘာလို့ နင့်စကားကို နားထောင်ရမှာလဲ"
“သူ့ကို ထားလိုက်တော့" ကျင်းထျန်းယိ၏ မျက်လုံးများက နက်မှောင်နေသည်။
သူက ချူဟွိုက်၏ လက်ကို ဆွဲလိုက်ရင်း အပြင်ထွက်သွားလေသည်။ ချူဟွိုက်၏ လက်ချောင်းထိပ်လေးများက အေးစက်နေပြီး လက်သည်းခွံများက ပုံမှန် လခြမ်းပုံသဏ္ဍာန်မျိုး မဟုတ်ပဲ လှပသေသပ်သည်။
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
Kinh dịTITLE - I'm Flirting with a Man in the Supernatural World Supernatural world မှာ မင်းနဲ့ flirt ကြမယ် ချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ်...