chapter 43

340 57 1
                                    

Chapter 43
May 26, 2024

👻Chapter 43

- ငြင်းဆန်ခြင်း

လူတိုင်းက တစ်ကွဲတစ်ပြားစီ ဖြစ်နေ၍ ဘတ်စ်ကားက လာမကြိုတော့ချေ။ ချူဟွိုက်က မျက်လုံးပိတ်လိုက်ချိန် နေရာက ရုတ်တရက် ပြောင်းသွားလေသည်။

သူ့မျက်လုံးအစုံ ပြန်ဖွင့်ကြည့်လိုက်သည့်ချိန် သူ့ရှေ့တွင် ရှေးခေတ်လက်ရာ အဆောက်အအုံတစ်ခု ပေါ်လာသည်။

တုန့်အန်ယာ၏ ပင့်သက်ရှိုက်သံက အနောက်မှ ထွက်လာ၏။

ချူဟွိုက်က တုန့်အန်ယာနှင့် ကျိုးရှို့ဝမ်တို့ကို ကြည့်လိုက်ရင်း ကျင်းထျန်းယိကို ခေါင်းစောင်းပြီး ကြည့်လိုက်သည်။ သူ စိတ်ထင်နေ၍လား မသိပေမယ့် ကျင်းထျန်းယိက သူ့ကို အန္တရာယ်များသည့် အကြည့်နှင့် ကြည့်နေသလို ခံစားရသည်။

ကျင်းထျန်းယိနှင့် အကြည့်ချင်းဆုံသွားစဥ် သူ၏ နှုတ်ခမ်းပါးတို့ ကော့ညွတ်လာပြီး ပြုံးပြလာသည်။

ကျင်းထျန်းယိက တုန့်အန်ယာနှင့် ကျိုးရှို့ဝမ်တို့ဆီ မျက်နှာမူလိုက်ရင်း အပြုံးလေးနှင့် ဆိုလာသည် " ငါတို့ ကံကောင်းသွားတာပဲ..."

"ဘယ်လိုတောင် ကံကောင်းသွားတာပါလိမ့်..." ချူဟွိုက်က သိချင်စိတ်နှင့် မေးလာသည်။

"ဖြစ်ရပ်ကို ကျော်ဖြတ်နိုင်တဲ့ အသစ်လေးတွေကို တိုက်ခန်းတစ်ခုစီ နေရာချပေးလိုက်တာလေ..."

ချူဟွိုက်က အံ့သြသွားရင်း ထူးထူးဆန်းဆန်း ပြုံးပြလာသည် " ပြောမယ်ဆို လော်မင်က အခုဆို လူထွားကြီးနှစ်ယောက်ကို အိမ်နီးချင်းတော်ထားရပြီပေါ့..."

လော်မင်က တိုက်ခန်းထဲ ဝင်လာသည့်အချိန် လူထွားကြီးနှစ်ယောက်က ခေါင်းညိမ့်ပြရင်း သူ့ကို ရိသဲ့သဲ့ ပြုံးပြနေမည့် မြင်ကွင်းကြောင့် သူ့မျက်နှာကြီး မည်းမှောင်နေလောက်မည်ပုံစံကို စိတ်ကူးကြည့်သည်။

တုန့်အန်ယာ၏ ရင်ထဲ ကိန်းအောင်းနေသည့် အရိပ်ကြီးက ပြေပျောက်မသွားပဲ သူမမျက်လုံးထဲတွင် ကြောက်စိတ်များ ပေါ်နေသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now