chapter 1

5.4K 190 9
                                    

👻Chapter 1-ပရလောကသို့ ဝင်ရောက်ခြင်း

တစ်ခုသော နေ့လည်ခင်းတွင် ကြိုးကွင်းများ ဝတ်ထားသည့် သန်သန်မာမာ လူကြီးတစ်ယောက်သည် စိတ်ကျန်းမာရေးဆေးရုံသို့ လျှပ်စစ်စက်ဘီး သေးသေးလေးနှင့် စီးပြီး သွားနေချိန် လမ်းသွားလမ်းလာများက တစ်ယောက်ပြီးတစ်ယောက် ကွက်ကြည့်ကွက်ကြည့် ကြည့်သွားကြသည်။

ထိုလူက စက်ဘီးကို လက်တစ်ဖက်ထဲနှင့်ကိုင်ကာ စီးလာပြီး ကျန်တစ်ဖက်နှင့် ဖုန်းခေါ်နေသည်။

"ဆောရီးပါရှင်။ မိတ်ဆွေခေါ်ဆိုသော ဖုန်းနံပါတ်မှာ လတ်တလောတွင် မအားသေးပါသဖြင့်...။

ချူဟွိုက်၏ ဖုန်းကို ခေါ်မရ၍ လောင်ယွဲ့က ရင်တလှပ်လှပ် ဖြစ်လာရသည်။ သူက စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်သွားသောအခါ ခပ်လှမ်းလှမ်းမှ ဝမ်းနည်းငိုကြွေးသံများကို ကြားလိုက်ရ၍ လောင်ယွဲ့၏ နှလုံးခုန်နှုန်းက မတည်ငြိမ်နိုင်တော့ချေ။

ချူဟွိုက်က သေသွားတာတော့ မဟုတ်လောက်ပါဘူးနော်...။ မဟုတ်ရင် သူ့ဖုန်းကို ဘာလို့မဖြေတာလဲ...။

လောင်ယွဲ့က စိတ်ကျန်းမာရေး ဆေးရုံပေါက်ဝသို့ ရောက်သွားသောအခါ ဝမ်းနည်းသံများနှင့် ပျော်ပျော်ရွှင်ရွှင် ရယ်မောသံများက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်နေသည်။ လောင်ယွဲ့၏ နားစည်များက တစ်ခဏမျှ စူးအောင့်သွားရင်း သူ၏ ဦးခေါင်းလည်း ချာချာလည်သွားရသည်။

သူက လျှပ်စစ်စက်ဘီးလေးပေါ်မှ အလျင်စလို ဆင်းလိုက်ရင်း စိတ်ကျန်းမာရေးဆေးရုံဝန်းထဲ နေရာချထားသည့် အနက်ရောင် ခေါင်းတလားအကြီးကြီးကို တွေ့လိုက်ရသောအခါ မျက်ရည်များက ဖြေမဆည်နိုင်ပဲ တလိမ့်လိမ့် စီးကျလာသည်။

"အစ်ကိုကြီးချူ...ကျွန်တော် တကယ် စိတ်မကောင်းပါဘူး..." လောင်ယွဲ့က သူ့ကိုယ်သူ ခေါင်းတလားကြီးပေါ် ပစ်လှဲလိုက်ရင်း အခေါင်းပြားကြီးကို ပုတ်ပုတ်နေပြီး သူ့မျက်နှာကိုလည်း တဖြတ်ဖြတ်ရိုက်၍ တရှုံ့ရှုံ့ငိုနေသည်။

[T/N "Chu Da" ="ချူကြီး"လို့ ပြောရင် အဓိပ္ပါယ်မရှိမှာစိုးလို့ "အစ်ကိုကြီးချူ"လို့ သုံးလိုက်တာပါ]

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now