Chapter 41
May 26, 2024
👻Chapter 41: သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (19)
ကျင်းထျန်းယိက ထိုသရဲသုံးယောက်ကို တစ်ယောက်တည်း သွားတွေ့လိုက်သည်။ သူ့ကျောပြင်ကို ကြည့်နေရင်း သူ့ပုံစံက ယုံကြည်ချက်ရှိပြီး စိတ်အေးလက်အေး ဖြစ်နေသည့်ပုံပေါ်နေသည်။
သူတို့အနားရောက်လာချိန် ချူဟွိုက်က သူတို့ပုံစံကို တွေ့လိုက်ရပြီဖြစ်သည်။
အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်။
အမျိုးသားနှစ်ယောက်က အရပ်ရှည်ရှည် ခပ်ထွားထွားဖြစ်ပြီး လက်မောင်းအိုးကြီးများက ကျင်းထျန်းယိ၏ ခြေထောက်နီးပါးလောက်ရှိသည်။ သူတို့ပုံစံက အာနိုး ရှဝါဇင်နက်ကာ၏ ကိုယ်လုံးကြီးနှင့်တူသည်။
“မင်းသေချင်လို့ ရောက်လာတာလား" လူထွားကြီးတစ်ယောက်က သူ့ခန္ဓာကိုယ်ကြီးကို ခါပစ်ရင်း အော်လာသည်။
ကျင်းထျန်းယိက သူတို့ကို လေကုန်ခံပြီး မပြောချင်၍ မူစန်းကို ထုတ်လိုက်ပြီး ရှေ့က သုံးယောက်ဆီ ခပ်မိုက်မိုက်ပုံစံနှင့် ချိန်ထားလိုက်သည်။
ထိုသုံးယောက်၏ မျက်နှာထက်ရှိ သွေးတို့ ဖြူစုတ်သွားရင်း ခြေထောက်များ တုန်လာသည်။
အမျိုးသားနှစ်ယောက်နောက်တွင် ရပ်နေသည့် အမျိုးသမီးက အသံမထွက်ပဲ ခြေတစ်လှမ်းဆုတ်သွားရင်း ထွက်ပြေးရန် လမ်းစရှာလိုက်သည်။
ကျင်းထျန်းယိက ခေါင်းစောင်းလိုက်ရင်း ထိုအမျိုးသမီးကို ခပ်စူးစူးကြည့်လိုက်သည်။ သူက ပုံမှန်အတိုင်း ပြုံးပြလာသည်
" မလှုပ်နဲ့။ ကျည်ဆံထွက်မလာဘူးလို့ အာမမခံနိုင်ဘူး"
ထိုအမျိုးသမီးက ရပ်သွားရင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။
“သူ ငါတို့ကို လိမ်နေတာပဲ ဖြစ်ရမယ်။ အဲ့ဒီသေနတ်ထဲမှာ ကျည်ဆန်ရှိချင်မှရှိမှာ" နောက်ထပ် လူထွားကြီးက ပြောလာသည်။
"အို့" ကျင်းထျန်းယိက မျက်ခုံးပင့်လိုက်ပြီး ပြုံးပြလာသည် " မင်း စမ်းကြည့်ချင်လို့လား"
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
HorrorTITLE - I'm Flirting with a Man in the Supernatural World Supernatural world မှာ မင်းနဲ့ flirt ကြမယ် ချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ်...