chapter 53

281 43 0
                                    

Chapter 53
June 01, 2024
👻Chapter 53

ဝင်ရောက်ခြင်း (3)

ပထမမေးခွန်းပြီးနောက် နောက်ထပ်မေးခွန်း တစ်ခုက အလိုလို ခုန်ထွက်လာသည်

"ဒါဆို ကျွန်မတို့ တစ်ကြိမ်လောက်ပဲ စီးကြည့်လို့ရလား...."

ဖြစ်ရပ်ပါ အကြောင်းအရာက ကိုယ့်လက်မှတ်နှင့် ပေးထားသော အချိန်အတွင်း ပရောဂျက်များကို အပြီးသတ်လုပ်ဆောင်ရမည် ဖြစ်ပြီး ပြီးသွားသည်နှင့် ထွက်သွားနိုင်မည် ဖြစ်သည်။ သူက အခုလေးတင် လက်မှတ်အရောင်းဌာနမှ ထွက်လာမှသာ အာရုံစိုက်မိသွားခြင်း ဖြစ်သည်။ ကြောက်မက်ဖွယ်ရာ ကစားကွင်းက ည၈နာရီတွင် ဖွင့်ပြီး မနက်၄နာရီတွင် ပိတ်သည်ဖြစ်၍ ဖြစ်ရပ်၏ အချိန်အကန့်အသတ်က ၈နာရီ ဖြစ်သည်။

သူတို့က တာဝန်ယူထားသော ပရောဂျက်များကို မနက်လေးနာရီတွင် အပြီးသတ်ရမည် ဖြစ်၏။

ရှုခင်းကြည့်ကားသာ မရှိလျှင် ၈နာရီက အချိန်မလောက်လောက်သော်လည်း ယခုလိုဆိုပါက အချိန်ပင် ပိုနေဦးမည် ဖြစ်သည်။ ကစားကွင်းထဲတွင် လည်ပတ်ကစားကြသူများ မရှိ၍ တန်းစီစောင့်နေစရာလည်း မလိုချေ။ အခြေခံကျကျပြောရလျှင် ကိုယ်ရောက်သွားသည်နှင့် ချက်ချင်း တန်းကစား၍ ရလေသည်။

ဖြစ်ရပ်က ပရောဂျက်များ အပြီးသတ်ပြီးသွားသည်နှင့် ထွက်သွားနိုင်ပြီဟု ပြောထား၍ မပြန်သေးပဲ တခြားပရောဂျက်များ ကစားနေရင်ရော.....

သူတို့တွင် အခု သဲလွန်စ၂၅ခု ရှိနေသည်။ တစ်နည်းဆိုရလျှင် ကစားကွင်းထဲတွင် စုစုပေါင်း ပရောဂျက်၂၅ခု ရှိနေသည်။ ၈နာရီအတွင်း အကုန်လုံးကစားရန်က မဖြစ်နိုင်ချေ။ အမှန်တွင်ဖြင့် ကစားကွင်းက အရမ်းကြီးလွန်းနေသော်ငြား တစ်ဝက်ခန့် ကစားလိုက်လျှင်လည်း ပြဿနာမရှိပေ။ ဤနည်းဖြင့် တစ်ယောက်ယောက်က သဲလွန်စကို အဖြေရှာနိုင်သည်နှင့် အခြားသူများလည်း လိုက်ကစားလိုက်လျှင် ပိုပြီးဘေးကင်းသွားမည် မဟုတ်ပါလား.....

သေချာပေါက် ဤအတွေးက ချူဟွိုက်၏ ကနဦးခန့်မှန်းချက်သာ....

လူတိုင်းက ကစားကွင်းထဲ ဝင်သွားသည့်အချိန် သူတို့နောက်ရှိ မီးပိတ်ထားသော လျှပ်စစ်ဘုတ်ပြားပေါ်၌ အနီရောင်တောက်တောက် စာလုံးများ လင်းလာသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now