Chapter 47
May 30, 2024
👻 Chapter 47ငါတော့ တလွဲ ပရိသတ်တွေ ရထားတာပဲ.(2)
ချူဟွိုက်ကို သုဘရာဇာကြီးက ကြေးဝါရောင် မှန်ကြီးရှေ့သို့ ခေါ်သွားပြီး ထိုင်ခိုင်းလာသည်။
အလင်းရောင်က မှိန်မှိန်လေးသာ ရှိ၍ ချူဟွိုက်က မော့ကြည့်လိုက်မိသည်။ မျက်နှာကြက်၏ အလယ်တွင် ရှေးစတိုင် ခဲမဖြူမီးအိမ်ကြီး ရှိပြီး မီးသီးလုံးတွင် ပိုးကောင်များ ကပ်နေသည်။
အနံ့အသက်က မနှစ်မြို့ဖွယ်ကောင်းလှသည်။
အနောက်တွင် ရှိနေသည့် အဖွားအိုကြီးက ပန်းချီဆေးထည့်သည့် လင်ဗန်းထဲသို့ ဆီဆေးများ ညှစ်ထည့်လိုက်ပြီး ခေါင်းငုံ့၍ အရောင်စပ်ကြည့်နေသည်။
သုဘရာဇာများကို အလောင်းထိန်းသိမ်းသည့်သူဟုလည်းခေါ်သည်။ သူမ၏ အလုပ်က သေဆုံးသူများကို အလှပြင်ပေးခြင်းပင်။
အဖွားအိုက ဆေးစပ်ပြီးသည်နှင့် ရောက်လာပြီး ချူဟွိုက်ရှေ့တွင် ထိုင်လာသည်။ ဆေးနီရောင်ကြီးနှင့် ချူဟွိုက်၏ အသားရေပေါ် ဆွဲရန်ပြင်လာသည်။
" မလှုပ်နဲ့... မကြာခင် မင်းက ငါ့ရဲ့ အပြီးပြည့်စုံဆုံးလက်ရာ ဖြစ်လာတော့မှာ..." အဖွားအို၏ လည်ချောင်းထဲတွင် ဝိုင်ယာကြိုးတစ်ချောင်း ရှိနေသလို သူမအသံက တထိတ်ထိတ်ဖြစ်နေသည်။
စုတ်တံက သူ့အရေပြားကို ထိတွေ့လာချိန် အေးစက်စက် ခံစားလိုက်ရပြီး လေအေးများက သူ့ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်လာသည်။ တစ်ခဏကြာပြီးနောက် ချူဟွိုက်က အသက်စွမ်းအင် လျော့နည်းလာသလို ခံစားမိသည်။
သူမ ရေးဆွဲလာသည်နှင့် ချူဟွိုက်က သွေးတို့ စီးကျလာပြီး သူ့ကိုယ်တွင်းအပူချိန်ကလည်း လျော့ကျလာကာ အသက်တစ်ရှိုက်နှင့် တစ်ရှိုက်ကြား အချိန်ကြာမြင့်လာပြီး မျက်တောင်ခတ်နှုန်းကလည်း အရှိန်နှေးလာမှန်း သတိထားမိသည်။
ချူဟွိုက် ပြန်ထွက်လာသည့်အချိန် လော့ဇီယန်က အောက်စီဂျင်ပြတ်သွားသလို ခံစားမိသည်။
သူ့အမြင်တွင် ချူကျောင်းက မပြုံးမရယ်ပဲ မှုန်ကုပ်ကုပ်ပုံစံနှင့် သူမ၏ အသားရေက နေမကောင်းသည့်သူလို ဖြူစွတ်နေကာ နှုတ်ခမ်းများက လိုင်ချီးအရသာ ချိုချဥ်အရောင်လိုမျိုး ဖြစ်နေသော်လည်း သူ့ရှေကလူ၏ အသားရေက နှင်းဆီရောင်ပြေးနေပြီး အနီးကပ်ကြည့်လိုက်လျှင် ပြေပြေလေးပေါ်နေသည့် အနီရောင်သွေးကြောများကို တွေ့ရမည်ပင်။
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
HorrorTITLE - I'm Flirting with a Man in the Supernatural World Supernatural world မှာ မင်းနဲ့ flirt ကြမယ် ချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ်...