chapter 54

344 52 0
                                    

Chapter 54
June 01, 2024
👻Chapter 54

ဓါးသွားပြုတ်ကျလာပြီ (4)..

ချားရဟတ်တွင် ချူဟွိုက်တို့အတွဲ တုန့်အန်ယာတို့အတွဲနှင့် သူတို့နောက်လိုက်ခဲ့ကြသည့် အသစ်လေးများ အတွဲတို့ ရှိနေကြသည်။

ကျင်းထျန်းယိက ချူဟွိုက်လက်ကို ဆွဲပြီး ချားရဟတ်၏ အောက်တည့်တည့်ကို သွားလိုက်ချိန် အခန်းငယ်လေးများက တဖြေးဖြေး နီးကပ်လာပြီဖြစ်သည်။

တုန့်အန်ယာက ကျိုးရှို့ဝမ်ကို အမြန်ဆွဲခေါ်လိုက်ရင်း နောက်က အတွဲကို ကြည့်ကာ ချူဟွိုက်ကို ရှက်သလို ပြောလိုက်သည်

"ကျွန်မတို့လေးယောက်လုံး တစ်ခန်းတည်း ထိုင်လိုက်ကြမလား..."

ပုံမှန်အားဖြင့် ချားရဟတ်တစ်ခန်းတွင် အများဆုံး လူလေးယောက်သာ ဆန့်သော်လည်း ယခုက လူခြောက်ယောက် ဖြစ်နေသည်။ အကျိုးသင့်ကြောင်းသင့်ဆိုပါက လူဟောင်းများဖြစ်သည့် သူတို့က အသစ်လေးများကို ဂရုစိုက်ပေးရန်အတွက် ချူကျောင်းနှင့် နေခိုင်းရမည် ဖြစ်သော်လည်း တုန့်အန်ယာကိုယ်တိုင်က မစ်ရှင်တစ်ခုတည်းသာ အောင်ခဲ့ဖူးသည့်သူ ဖြစ်နေသည်။ ဖြစ်ရပ်က ကံပေါ်မူတည်နေတယ်....ငါ့ကိုယ်ငါလည်း ယုံကြည်ချက်မရှိဘူး....

ယခုအချိန်တွင်ဖြင့် သူမက မျက်နှာသာမပေးချင်တော့ပေ.....အခြားသူ၏ သေရေးရှင်ရေးကိုလည်း ဂရုမစိုက်ပေ.....သူမက ရှို့ဝမ်နှင့် တစ်သက်လုံးတူတူနေချင်သည့် စိတ်သာ ရှိလေသည်။

ကျိုးရှို့ဝမ်က မျက်မှောင်အနည်းငယ် ကြုံ့လိုက်ရင်း နှုတ်ခမ်းလှုပ်လာသော်လည်း စကားတစ်ခွန်းမှ ဆိုမလာချေ။ သိသိသာသာပင် ယခုအချိန်က ချစ်စိတ်မွှန်နေရမည့် အချိန်မဟုတ်လှ။

လိုက်ပါလာသည့် အသစ်လေးများကလည်း ရောက်ကာနီးနေပြီဖြစ်သည့် အခန်းငယ်လေးကို ကြည့်လိုက်ရင်း ချက်ချင်းသဘောပေါက်သွားဟန် မျက်နှာလေးညှိုးသွားကြသည်။

"မမကျောင်းကျောင်း....ညီမလေးတို့ကိုရော အတူတူခေါ်သွားလို့မရဘူးလား...."

အသစ်လေးများထဲမှ ကောင်မလေးက တောင်းဆိုလာသည်။ သူတို့က ပထမဆုံး ဝင်လာခြင်းဖြစ်၍ တစ်ခုမှ နားမလည်ကြချေ။ သူတို့ကို ဂရုစိုက်ပေးမည့် အကြီးများလည်း မရှိလျှင် သူတို့ဘယ်လိုသေကြရမလဲပင် မသိပေ။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now