chapter 61

153 28 0
                                    

Chapter 61
June 04, 2024
👻Chapter 61

ကတ်ကြေး ဘယ်မှာလဲ (11)

ချူဟွိုက်က ပျင်းပျင်းရိရိ ရယ်လိုက်ပြီး အဖေတစ်ယောက် ဖြစ်လာခြင်းအပေါ် ပျော်ရွှင်နေသည့် ကျင်းထျန်းယိကို လှောင်ရန်ပြင်လိုက်စဥ် ခေါင်းမူးလာပြီး သူ့ခန္ဓာကိုယ်ကလည်း လေထဲ ပျောက်ကွယ်သွားသည်။

သူ နိုးလာသည့်အချိန် လက်ထဲတစ်ခုခုကိုင်ထားရင်း သစ်သားတံခါးရှေ့ ရပ်နေမှန်း သိလိုက်ရသည်။ 

အသိစိတ်ပြန်ဝင်လာပြီးနောက် ချူဟွိုက်က ဘေးပတ်လည်ကို လျှောက်ကြည့်လိုက်ရာ ကျေးလက်ဒေသပိုင်းသို့ ရောက်နေမှန်း နားလည်သွားသည်။ လယ်ယာမြေများ ဝန်းရံထားပြီး ရွှံ့စေးပေါ် ကျောက်ခင်းထားသည့် လမ်းကလေးက တောအုပ်အစွန်ဆုံးရှိ သစ်လုံးအိမ်ကလေးဆီ ဦးတည်သွားသည်။

သူက လက်တစ်ဖက် ဆန့်ကြည့်လိုက်ရာ ယခုတွင် သူက ရွှေအိုရောင် လှိုင်းတွန့်ဆံပင်ရှည်ကြီးများ ပိုင်ဆိုင်ထားသည့် မိန်းမငယ်လေးတစ်ယောက် ဖြစ်နေ၏။

ဒါက ဘယ်နတ်သမီးပုံပြင်လဲ....။ ချူဟွိုက်က မျက်မှောင်ကြုတ်လိုက်မိသည်။

လက်ထဲကိုင်ထားသည့် ခြင်းတောင်းလေးကို အကြည့်ရောက်သွားစဥ် ဦးထုပ်နီမလေး ဖြစ်နေမှန်း သိလိုက်ရလေသည်။

သူက ကိတ်မုန့်နှင့် ဝိုင်များပါသည့် အနီရောင် ကတ္တီပါ ခြင်းတောင်းလေးကို ဆွဲထားခြင်းဖြစ်သည်။ ဦးထုပ်နီမလေး၏ အဘွားဖြစ်သူက နေမကောင်း၍ သူမအမေက မနက်စောစောထပြီး ကိတ်မုန့်နှင့် ဝိုင်များလုပ်ကာ တစ်ယောက်တည်းနေသည့် အဘွားဆီ သူမနှင့် ပါးပေးလိုက်ခြင်းပင်။  

သွားနေသည့် လမ်းတွင် ဦးထုပ်နီမလေးက အယောင်ဆောင်ဝံပုလွေတစ်ကောင်နှင့် တွေ့ခဲ့ရ၍ သူမအဘွား၏ တည်နေရာကို ထိုဝံပုလွေက သိသွားခဲ့သည်။ ကလိမ်ကကျစ်ဝံပုလွေက သစ်လုံးအိမ်လေးဆီ သူမထက်ကြိုရောက်နေပြီး နေမကောင်းသည့် အဘွားကို စားပစ်လိုက်ကာ အဘွားဟန်ဆောင်ရင်း ဦးထုပ်နီမလေးအလာကို စောင့်နေလိုက်သည်။

ချူဟွိုက်က ဤဇာတ်လမ်းကို ရက်ပန်ဇယ်ထက် ပိုပြီးရင်းနှီးလေသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now