chapter 14

585 91 0
                                    

Chapter 14
May 24, 2024
👻Chapter 14:

ဝိဥာဥ်လက်ထပ်ပွဲ (13)

ကျင်းထျန်းယိက သူ့ကို ဝေါယာဥ်ဆီသို့ ခေါ်သွားသည့် တစ်လျှောက်လုံး ချူဟွိုက်မှာ စိတ်ရှုပ်ထွေးနေလေသည်။

သူက ဘယ်လိုလုပ်ပြီး ဒီလိုနေ့မှာမှ မထင်ထားတာတွေ ကြုံတွေ့နေရတာလဲ။

သူက လိုက်ကာအနီစကို ဖွင့်လိုက်ရာ ယင်းရှောင်ဖုန်း၏ မှတ်တိုင်က ရှိနေသည်။'ချစ်ရသော သမီးလေးရှောင်ဖုန်း'ဟု စာလုံးထွင်းထားပြီး သံနှင့်ထွင်းထားသည့်ပုံပင်။

ချူဟွိုက်က ယင်းရှောင်ဖုန်း၏ မှတ်တိုင်ကို ဂရုတစိုက် မယူလိုက်ပြီး ဝေါယာဥ်ပေါ် ထိုင်လိုက်သည်။ ကျင်းထျန်းယိ၏ ရယ်သံကို ကြားလိုက်၍ ချူဟွိုက်က လိုက်ကာစကို ချလိုက်ပြီး ရှက်သွားချင်ယောင်ဆောင်လိုက်သည်။

ကျင်းထျန်းယိက ဝေါယာဥ်ကို အားသိပ်မထည့်ပဲ ကန်လိုက်ရင်း ဝေါယာဥ်ဆီ လက်ဆန့်လာသည်။ ချူဟွိုက်က ကျင်းထျန်းယိ၏ လက်ပေါ် လက်တစ်ဖက် တင်လိုက်ပြီး ကျန်တစ်ဖက်နှင့် မှတ်တိုင်ကို ကိုင်ထားလိုက်သည်။

သူ့ကို ကျင်းထျန်းယိက ဦးဆောင်ခေါ်သွားပြီး လှေကားခုံပေါ် ခြေချလိုက်သည်။

လော့ဇီယန်၏ ပါးစပ်က အိုပုံစံဟလျက်သား ဖြစ်သွားလေသည်။

တစ္ဆေအုပ်ကြီးက လက်ခုပ်တီးလာကြသည်မှာ မိုးခြိမ်းသံပမာ။ ညီအစ်မများ၏ ရယ်သံများက စူးရှ အက်ကွဲနေ၍ ကျောက်သင်ပုန်းကို သံချောင်းနှင့် ခြစ်နေသည့်အတိုင်းပင်။ အနှောင့်အယှက်ပေးလှသော အသံများကြောင့် လော့ဇီယန်၏ ဦးရေပြားတို့ ထုံကျင်လာရသည်။

မင်္ဂလာမောင်နှံက ကြေကွဲခြင်းခန်းမ၏ အလယ်တည့်တည့်တွင် ရပ်လိုက်ကြသည်။

ကျင်းထျန်းယိ၏ မျက်နှာက နူးညံ့သိမ်မွေ့နေသော်ငြား ချူဟွိုက်က စိတ်မကြည်မလင် ဖြစ်နေသည်။ သူက ကျင်းထျန်းယိကို ခေါင်းစောင်းကြည့်လိုက်စဥ် သူနှင့်မသက်ဆိုင်သော ခံစားချက်တစ်ခုက ရုတ်တရက် သူ့ရင်ထဲ အလုံးအရင်းဝင်လာသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now