chapter 50

234 48 0
                                    

Chapter 50
May 30, 2024
👻Chapter 50

အေးခဲပြီး သေသွားရခြင်း (5)

ကျင်းထျန်းယိက သဲလွန်စစာရွက်ကို ယူလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်ကာ စင်ပေါ်မှ ဆင်းသွားသည်။ သူက ဓါတ်လှေကားဆီ လျှောက်သွားလိုက်ရင်း တံခါးပွင့်သွားသည့်အချိန် ချူဟွိုက်ကို တွေ့လိုက်ရသည်။

ချူဟွိုက်က မျက်ခုံးပင့်လိုက်ပြီး အပြုံးလေးနှင့် ကြည့်လာသည် " အရာရှိကြီး...."

"အရာရှိကြီး...."ဆိုသည့် စကားလုံးက စုန့်မင်းဆက်အစောပိုင်းရှိ ရှန့်ကုန်း(သခင်ကြီး)ဆိုသည့်စကားလုံးနှင့် အတူတူဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် အခြားအဓိပ္ပါယ်များပါ ပေါင်းစပ်ပါဝင်လာသည်။ ချူဟွိုက်က အဓိပ္ပါယ်ကို သိသော်လည်း ကျင်းထျန်းယိကို မစပဲ မနေနိုင်ချေ။

ကျင်းထျန်းယိက ဟန်ဆောင်ပြောနေမှန်း သိ၍ ရယ်မိသွားရင်း သူ့ဆီမှ အကြည့်ခွာကာ အရှက်မရှိသလို ပြောလာသည် " သခင်မကြီးခင်ဗျာ...."

ချူဟွိုက်က ချောင်းတဟွတ်ဟွတ်ဆိုးလိုက်ရင်း စာရွက်ခေါက်ကို လက်လှမ်းပြီး တောင်းလိုက်သည် "ကျွန်မကို ပေး...."

"ဘာလဲ....မင်းက အချစ်သင်္ကေတလေးကို သိမ်းပိုက်ချင်တယ်ပေါ့...."

ကျင်းထျန်းယိက ထိုစကားပြောလိုက်သော်လည်း ချူဟွိုက်လက်ထဲသို့ စာရွက်ခေါက်လေးကို နာနာခံခံ ပေးလာသည်။

လော့ဇီယန်ရှိနေသေးမှန်း တွေ့လိုက်၍ သူက မေးလိုက်သည် " မင်းဘာလို့ စင်ပေါ် မတက်သေးတာလဲ...."

လော့ဇီယန်က လက်ကိုပွတ်ပြီး ရိုးရိုးသားသား ပြန်ဖြေလာသည် " ကျွန်တော် ကြောက်နေလို့...."

ကျင်းထျန်းယိက တိုက်ပွဲကို ဦးဆောင်နေ၍ သူ့အခြေအနေက မှိုင်းညှို့နေလျှင် ရှက်စရာကောင်းလိမ့်မည်ဟု တွေးမိသည်။ ဒါက ယောကျ်ားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်နေတယ်....

ကျင်းထျန်းယိက သူ့ပုခုံးကို ပုတ်လိုက်ရင်း စိတ်ခွန်အားပေးလာသည်

" မင်းလုပ်နိုင်ပါတယ်....သရဲတစ်ကောင် ခေါ်လာခဲ့....ငါလည်း ဖြစ်ရပ်ထဲမှာ သရဲဧည့်သည်ရဲ့ အခန်းကဏ္ဍကို သိချင်မိတယ်...."

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now