Chapter 48
May 30, 2024
👻 Chapter 48ဇောက်ထိုးသရဲကြီး (3)
ချူဟွိုက်က ကိုယ်တိုင် မီးပိတ်လိုက်သော နံပတ် ၂၄ကို ကြည့်လိုက်မိခြင်းက သူ့တွင် အိမ်တို့ ကားတို့ မိဘတို့ ရှိနေသည့်အတွက်ကြောင့် မဟုတ်ပေ။
ထိုသရဲ၏ ရုပ်သွင်က သာမာန်လူတစ်ယောက်နှင့် မကွာလှချေ။ ပထမဆုံးအကြည့်မှာပင် သူက အားနည်းသည့် ပုံစံလေး ရှိသော်လည်း လှပသော မျက်နှာအစိတ်အပိုင်းများရှိ၍ မျက်စိပဒါသဖြစ်ဖွယ်ကောင်းလှသည်။
ချူဟွိုက်က ထိုလူ့ရှေ့က "ယဲ့ယွမ်" ဟု ဖတ်ရသည့် သင်္ကေတကို မြင်လိုက်သည်။
ယဲ့ယွမ်က ချူဟွိုက်၏ အကြည့်များကို သတိထားမိသွား၍ ခေါင်းငုံ့သွားပြီး လက်ထောင်ပြကာ အနည်းငယ် ရှက်နေသည့် ပုံစံဖြင့် ပြောလာသည်
" ညီမလေး.....ငါ့ကို မကြည့်ပါနဲ့...ငါက....ယောကျ်ားလေးတွေကိုပဲ ကြိုက်တတ်လို့ပါ...."
အားလုံးက နံပတ်၂၄ကို ကြည့်မိသွားကြသည်။
ချူဟွိုက်က၏ မျက်နှာက အနည်းငယ် မယုံနိုင်သလိုဖြစ်သွားသည်။
စင်နောက်က လော့ဇီယန်၏ မျက်နှာက ပိုပြီး မယုံနိုင်သလို ဖြစ်သွားရသည်။ အကြောင်းမှာ ထိုသရဲက သူ့အာရုံထဲ ဝင်လာသည့်သူ ဖြစ်၍ နံပတ်၂၄ကို ရွေးထားခြင်းဖြစ်လေသည်။
ပထမတစ်ဖြတ် ပြီးသွားသည်နှင့် ဒုတိယမြောက် ရိုက်ကူးရေးက စတင်ပြသလာသည်။ မပြသမီအချိန်တွင်ပင် ၂ယောက်ထက်မနည်း မီးပိတ်သွားကြသည်။ သူတို့က တက်ကြွလွန်းသော အမျိုးသမီးကို သဘောမကျ၍ပင်။
ချူဟွိုက်မှာ ဘာပြောရမှန်းပင် မသိတော့။
အဆုံးတွင် သူ့အတွက် မီးမပိတ်ပဲ နေပေးခဲ့သည့် တစ်ဦးတည်း ကျန်ခဲ့သည့်သူက သူ့ကို နှလုံးရောဂါရအောင် လုပ်ခဲ့သည့်သူ ဖြစ်နေသည်။ ချူဟွိုက်က ထိုသူ၏ ပေါ်နေသော ခြေထောက်နှစ်ချောင်းကို ကြည့်လိုက်ရင်း ရှင်းမပြနိုင်သည့် ခံစားချက်တစ်ခု ဝင်လာသည်။
ဒုတိယတစ်ဖြတ်လည်း ပြီးသွားပြီ ဖြစ်သည်။
ချူဟွိုက်က အနည်းငယ် အဖြေရှာရခက်နေမိသည်။ ပရိုဂရမ်အရဆိုလျှင် နောက်ဆုံးအဆင့်က လက်တွဲရန် ဖြစ်သော်လည်း သူတို့က လွယ်လွယ်ကူကူ ဖြစ်ခိုင်းပါ့မလား....
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
TerrorTITLE - I'm Flirting with a Man in the Supernatural World Supernatural world မှာ မင်းနဲ့ flirt ကြမယ် ချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ်...