Chapter 6
May 24, 2024👻Chapter 6:
ဝိဥာဥ်လက်ထပ်ပွဲ (5)
ချူဟွိုက်က နောက်လှည့်ကြည့်လိုက်ရာ လူထွားကြီး လေးယောက်က အခေါင်းထမ်းရင်း တက်လာကြပြီး ပါးစပ်ဟလျက် ဟောဟဲဆိုက်၍ အသက်ပြင်းပြင်းရှူနေကြသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။ သူတို့နောက်တွင်ဖြင့် ဆွေမျိုးများ၏ ငိုကြွေးသံများ ကပ်ပါလာ၍ သူက အစစ်အမှန် နာကျင်နေကြသည်လား အတုအယောင်လား မခွဲတတ်ချေ။
ကျင်းထျန်းယိက ချူဟွိုက်ကို လမ်းဘေးသို့ ဆွဲခေါ်သွားလိုက်ပြီး ထိုအုပ်စုအတွက် လမ်းဖယ်ပေးလိုက်သည်။
ယောက်ျားပေါင်းများစွာ ခါးအထက်တွင် အဝတ်မကပ်ပဲ ချွေးသပ်ချပြီး ဖြတ်သွားသည့်အချိန် ငြီးငြူသွားကြသည် " ဒီလောက်လေးတဲ့ အခေါင်းမျိုး တစ်သက်နဲ့တစ်ကိုယ် မတွေ့ဖူးပါဘူး..."
“ဟုတ်ပကွာ။ ပိုပို လေးလေးလာသလားလို့။ ငါ မထမ်းနိုင်တော့ဘူး။ နားကြမလား"
“ငါ့ပုခုံးတွေ ကျိုးတော့မယ်။ ငါတော့ မာမိသားစုက သားက ပိန်သလားလို့ပါ" သူတို့မျက်နှာတစ်ပြင်လုံးက မောပန်းနေကြ၍ ရဲပတောင်းခတ်နေကြသည်။
“ဟေ့...မာမိသားစုက သားတွေက မတရားသလို သေသွားရတယ်လို့ မထင်ဘူးလား။ လူတွေ ပြောတာ ကြားဖူးတယ်။ အခေါင်းက တစ်စတစ်စ လေးလေးလာလို့ရှိရင် သေသွားတဲ့သူက ထွက်မသွားချင်တဲ့ အဓိပ္ပါယ်ပဲတဲ့..."
“နေ့ခင်းဘက်ကြီးကို အဲ့လို ကြောက်စရာကောင်းတာတွေ မပြောစမ်းပါနဲ့"
ချူဟွိုက်က မိုးရွာပြီး လမ်းက ရွှံ့ထူနေသည့်အတွက် သူတို့ခြေထောက်များကို စိုက်ကြည့်မိသည်။ သူတို့က ခြေရာနက်နက် ချန်ထားခဲ့ကြသည်။
လူထွားကြီး လေးယောက်က တောင်ကုန်းလေးပေါ် တက်လိုက်ရင်း တစ်ခေါက်နားရန် အဖွဲ့ကို အော်ပြောလိုက်သည်။ သူတို့က အခေါင်းကို အခေါင်းစင်ပေါ်ကို ချလိုက်ပြီး ထိုင်ရန်ပြင်လိုက်စဥ် အသက်ရှူရပ်သွားသလို ခံစားလိုက်ရသည်။ လူတိုင်းက 'ဂျွတ်'ဆိုသည့် အသံကို ကြားလိုက်ရပြီးနောက် အခေါင်းစင်က ကျိုးကျသွားလေသည်။
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
HorrorTITLE - I'm Flirting with a Man in the Supernatural World Supernatural world မှာ မင်းနဲ့ flirt ကြမယ် ချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ်...