chapter 19

620 96 0
                                    

Chapter 19
May 25, 2024
👻Chapter 19:

ယဇ်ပူဇော်ခြင်း  (2)

ချူဟွိုက်က အမျိုးသမီးအလောင်း ရှိသည့်ဘက် ခြေဦးလှည့်လိုက်သည်။ သူ၏ မထိခိုက်သေးသည့် လက်တစ်ဖက်ကို သုံးပြီး အသားခုတ်ဓါး၏ လက်ကိုင်ကို ကိုင်ရင်း ဆွဲထုတ်ဖို့ လုပ်လိုက်သည်။

ချူဟွိုက်က အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း အချည်းအနှီးသာ။ ထို့ကြောင့် နာကျင်မှုကို တောင့်ခံရင်း လက်နှစ်ဖက်နှင့် ဓားရိုးကို ပြန်ပြီး ဖမ်းဆွဲလိုက်သည်။

ထိုအခါမှ 'ပြွတ်'ဆိုသည့် အသံနှင့် ဓါးက အလောင်းထဲမှ ထွက်ကျလာသည်။ စေးကပ်ကပ် သွေးစတို့ပါ ပန်းထွက်လာ၍ ချူဟွိုက်က သူ့မျက်နှာထက် အရည်ပူပူတို့ လာစင်သလို ခံစားရသည်။

အပုပ်နံ့က ပြင်းလွန်းလှသည်။ ထို့နောက် သွေးစီးကြောင်းများက သူ့ပါးပြင်မှ မေးစေ့တစ်လျှောက် စီးကျလာသည်။

လရောင်အောက်တွင် ချူဟွိုက်က လက်ထဲက ဓါးကို တစ်ချက် ကြည့်လိုက်သည်။ ဓါးသွားတွင် အက်ကွဲရာကြီး တစ်ခု ရှိနေသည်။

ဓါးက ဒီအခြေအနေထိ ရောက်အောင် ဘယ်နှစ်ကြိမ်လောက် သုံးထားတာပါလိမ့်။

နံရံကြီး၏ အပြင်ဘက်က လမင်းကြီးလည်း ထိန်ထိန်လင်းနေသည်။ သူက ပတ်ကြည့်လိုက်ရာ လှောင်အိမ်၏ အတွင်းပိုင်းတွင် လူအရိုးစု အပုံကြီးကို တွေ့လိုက်ရသည်။

သူက အလောင်းဖျက်ရတော့မှာလား။

ကလေးဘဝကတည်းက သုံးခဲ့သည့် သူ့ညာလက်ကလည်း ထိခိုက်ထားသည်။ ထို့ပြင် အသားခုတ်ဓါးကလည်း တုံးနေ၍ အလောင်းခုတ်၍ ရနိုင်ပါ့မလား။ 

လူသား မဆိုထားနှင့် အမဲသားလှီးသည်ကပင် တော်တော် ခက်ခဲလေသည်။ ထို့ပြင် သူက အရိုးကို ရှောင်နိုင်လျှင်ပင် ကြွက်သားများကိုဖြင့် ဤဓါးနှင့် ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။

ချူဟွိုက်က လူခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ရင်းနှီးမှုမရှိချေ။ နှလုံးက ရပ်နေသော်လည်း သွေးလွှတ်ကြောကို လှီးမိသွားသည်နှင့် သွေးတို့ ပန်းထွက်လာမည် ဖြစ်သည်။ သွေးနည်းနည်းပဲ ထွက်လာလျှင်တောင် အကျိုးမရှိသလို ဖြစ်သွားလိမ့်မည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now