chapter 38

324 56 0
                                    

Chapter 38
May 26, 2024
👻Chapter 38

သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (16)

ထိုအရိုးများက လွန်ခဲ့သော ခုနစ်နှစ်ရှစ်နှစ်လောက်က အသတ်ခံရသည့် ကာလအတွင်း သေသွားခဲ့ရသည့်သူများ ဖြစ်သည်။

စုန့်ချန်နှင့် လီရှင်းရန်တို့၏ အလောင်းများကလည်း နောက်ခုနစ်နှစ်ရှစ်နှစ် ကြာပြီးသည်နှင့် ထိုအတိုင်း ဖြစ်သွားကြမည်ပင်။

ဤသည်က ရူးသွပ်ဖွယ် သွေးနီလ၏ လျှို့ဝှက်ချက် ဖြစ်နေသည်။

သတ္တိနည်းသည့်သူက ကိုယ့်ကိုယ်ကို သတ်သေသွားကြပြီး သတ္တိရှိသည့်သူက လူသတ်ခဲ့သည်။

အသက်ရှင်နိုင်မယ့်လမ်းစ...၊ သဘာဝရဲ့ ရွေးချယ်မှု။

လူ့အသိုင်းအဝိုင်းရဲ့ သဘာဝကိုက အချင်းချင်း သတ်ဖြတ်ကြတာပဲလေ။

ရူးသွပ်ဖွယ် သွေးနီလရောင် မြို့တော်ကလည်း အဲ့ဒီအတိုင်းပဲ၊

"မေးခွန်းတစ်ခု ရှိနေတယ်"

" ကိုယ့်မှာ မေးစရာ တစ်ခု ရှိတယ်"

နှစ်ယောက်သား တစ်ပြိုင်နက်တည်း ပြောမိသွားသည်။

ချူဟွိုက်နှင့် ကျင်းထျန်းယိတို့က အကြည့်ချင်းဆုံသွားကြပြီး သူတို့နှစ်ယောက်လုံး ပြုံးလိုက်မိသည်။

ချူဟွိုက်က ပြောလာသည် " ရှင်မေးချင်တာက 'ဂိမ်းမှာ နိုင်သွားတဲ့သူက ဘာဖြစ်သွားမှာလဲ'  ဟုတ်တယ် မဟုတ်လား။ အကြောင်းရင်းက ဘာတွေပဲ ဖြစ်နေပါစေ ဒီမြို့တော်ထဲက ထွက်သွားနိုင်တဲ့ သူတစ်ယောက်ယောက်တော့ ရှိရမယ်"

ကျင်းထျန်းယိက ခေါင်းညိမ့်ပြရင်း သူပြောလာသည့် စကားက တစ်ဝက်မှန်ပြီး တစ်ဝက်မှားနေသည်

" ကိုယ်မှန်းကြည့်တာ...သူတို့ ကိုယ့်ဘာကို သတ်သေသွားတာ မဟုတ်ရင်..."

ကျင်းထျန်းယိက ချက်ချင်း စကားလမ်းကြောင်း ပြောင်းသွားသည် " သရဲအစစ်ဆီကနေ အသတ်ခံလိုက်ရတာလဲ ဖြစ်နိုင်တယ်"

ဒါက လူသတ်တဲ့ ဂိမ်းတစ်ခု သာသာပဲ။

လူသားတွေက ကစားခံရပြီးတော့ တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ ဆိုးယုတ်တဲ့ ဘက်ခြမ်းကို ပြလာကြတယ်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now