chapter 24

501 83 0
                                    

Chapter 24
May 25, 2024
👻Chapter 24:

သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (2)

ဘတ်စ်ကားပေါ်တွင် လော်မင်တစ်ယောက်တည်းသာ ရှိသည်။

ကျင်းထျန်းယိက သူ့ကို စိုက်ကြည့်နေရင်းမှ တစ်ခုခု သတိထားမိသလို ချူဟွိုက်လက်ကို ချက်ချင်း ဆွဲယူလိုက်သည်။

လော်မင်၏ မျက်လုံးထဲတွင် ကျင်းထျန်းယိ လုပ်သွားပုံက ချူကျောင်းက သူ့မိန်းကလေးမှန်း မဏ္ဍပ်တိုင်တက်ပြနေသလိုပင်။

လော်မင်၏ မျက်နှာ မည်းပုပ်သွားရသည်။

ဘာလို့ ကျင်းထျန်းယိက အမြဲ ကံကောင်းနေရတာလဲ။

နောက်ဆုံးဖြစ်ရပ်တွင် ကျင်းထျန်းယိက အမဲဖျက်ခံရပြီး ဝက်သားအဖြစ် ပြောင်းသွားသည့် ကလေးသရဲနှင့် ဆုံမိသွားသည်။ ကျင်းထျန်းယိက ကလေးသရဲနှင့် ကျောက်စရစ်ခဲ ကစားနည်းတစ်မျိုး ကစားခဲ့ပြီးနောက် အသက်ရှင်နိုင်မည့် နည်းလမ်းကို ရသွားခဲ့သည်။

ရိုးရိုးသားသား ဆိုရလျှင် သူသာ ထိုကလေးသရဲဆီ အပြေးသွားနိုင်ခဲ့လျှင် သူလည်း ပဟေဠိကို ဖြေရှင်းနိုင်ပြီး လူတိုင်းကို ထုတ်ပစ်နိုင်မည် ဖြစ်သည်။

ကျင်းထျန်းယိဘေးက မိန်းမလှလေးသာ သူတို့တိုက်ခန်းဆီ ရောက်လာပါက သူ့အမျိုးသမီး ဖြစ်လာမည်ပင်။

ချူဟွိုက်က ကျင်းထျန်းယိကို လက်ကိုင်ခွင့်ပေးထားပြီး ထိုင်စရာနေရာ ရှာလိုက်သည်။

တံခါးက ပိတ်သွားပြီး ဘတ်စ်ကားက စတင် ရွေ့လျားသွားသည်။

ချူဟွိုက်က အချိန်ကို တစ်ချက်ကြည့်လိုက်ရင်း အသစ်လေးများ ဝင်လာမည်ကို စောင့်နေလိုက်၏။

ပြိုင်ပွဲဝင်ဟောင်းများ၏ အသက်ရှင်နိုင်မည့် လမ်းက အသစ်လေးများထက် ပိုခက်ကြောင်း ကျင်းထျန်းယိက သူ့ကို ရှင်းပြပြီးပြီ ဖြစ်သည်။ သရဲက အတွေအကြုံရှိသည့် ပြိုင်ပွဲဝင်ကို အရင်ဆုံး ရန်မူလာမည် ဖြစ်၍ အသစ်လေးများက အတော်အသင့် လုံခြုံမှုရှိလေသည်။

သို့ဆိုလျှင်ပင် အသစ်လေးများ၏ သေဆုံးမှုနှုန်းက ပြိုင်ပွဲဝင်ဟောင်းများထက် ပိုများနေဆဲပင်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now