Chapter 45
May 30, 2024
👻Chapter 45- နှလုံးသားကို လုယူသူ
(ဒီအပိုင်းက စုန့်ချန်အကြောင်းပါ ရှေ့မှာထဲက ပါသင့်တာကို ခုမှ ပါလာတာ)
သူမ မသေခင် နောက်ဆုံးအချိန်တွင် စုန့်ချန်က မျက်နှာအစစ်ကို ပြလာသည့် လကို တွေ့ခဲ့ရသည်။
သူမ၏ ထူးဆန်းသော နှလုံးခုန်သံကိုလည်း ကြားခဲ့ရသည်။ သူမ၏ နှလုံးခုန်သံက အလွန် မြန်ဆန်လာပြီး တစ်စတစ်စ မိုးပေါက်ကြီးများလို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေသည်။
သူမနားထဲ သံစုံ တုန်ခါနေသော်လည်း ထိုအသံကြားထဲက သူမရင်ဘတ်မှ ပင့်သက်ရှိုက်သံကို ရုတ်တရက် ကြားလိုက်ရသည်။
လူတစ်ယောက်၏ အသက်ရှူသံ သို့မဟုတ် "သရဲ" တစ်ကောင်၏ အသက်ရှူသံ...
စုန့်ချန်က မူစန်းအပစ်ခံလိုက်ရသော်လည်း သေရမှာ ကြောက်နေမိသည်။
သရဲက ရှိနေတယ်....သူမရင်ဘတ်ထဲမှာ...
စုန့်ချန်က မွေးရာပါ နှလုံးရောဂါ ရှိသော်လည်း မျိုးရိုးလိုက်သည်မျိုး မဟုတ်ပေ။ သူမ၏ မိဘများကလည်း ကျန်းမာရေး ကောင်းသူများ ဖြစ်ကြသည်။
သို့သော်လည်း သူမကို ကိုယ်ဝန်ဆောင်ထားသည့်အချိန် သူမ၏ အမေက ဝက်သက်ရောဂါ ဖြစ်ခဲ့သည်။ ဝက်သက်ရောဂါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပြီး ကုသရန် မခက်ခဲသော်လည်း ဗိုင်းရပ်ပိုးက သန္ဓေသားကို ထိခိုက်စေနိုင်၍ မွေးရာပါ သန္ဓေသားချို့ယွင်းချက်များ ဖြစ်ပေါ်စေနိုင်သည်။
ဤအတွက်ကြောင့် စုန့်ချန်က နှလုံးရောဂါရခဲ့ခြင်း ဖြစ်သည်။
ဆရာဝန်က သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက် ရှိလာနိုင်သည်ဟု ပြောခဲ့သော်လည်း စုန့်ချန်၏ မေမေ ကျိုးလန်က သူမကို မွေးရန် ဆုံးဖြတ်ခဲ့သည်။
ကျိုးလန်က အသက်မငယ်တော့ပေ။ သူမက လှပသော စန္ဒယားပညာရှင်တစ်ယောက် ဖြစ်သည်။ အသက် သုံးဆယ့်ငါးနှစ် မတိုင်မီကတည်းက သူမက လင်စိတ်သားစိတ် မရှိသူ ဖြစ်သည်။ သူမက လက်ထပ်ခြင်း၏ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်ခဲ့၍ ချုပ်ချယ်ခံရမှာကို မုန်းတီးပြီး လွတ်လပ်မှုကိုသာ တောင့်တသူဖြစ်သည်။
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
Terrorချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ် ကမ္ဘာကြီးထဲ ရောက်သွားပြီး အမျိုးသမီး အဝတ်အစား ဝတ်ထားသည့် ယောက်ျားတစ်ယောက်အဖြစ် ပုံစံပြောင်းသွားခဲ့သည...