chapter 32

461 83 0
                                    

Chapter 32
May 26, 2024
👻Chapter 32

သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (10)

သူတို့က သရဲနှင့် သွားတိုးမိသွားသည်။

အင်္ကျီမဝတ်ထားသည့် ကောင်လေးက တကယ်တမ်း သရဲ ဖြစ်နေသည်။

သရဲပေါင်းများစွာက သူတို့ဆီ အုပ်လိုက်ကြီး လာနေကြသည်။

လော်မင်က ပြောခဲ့ဖူးသည်။ သရဲ၏ စွမ်းရည်က ....ဆင့်ခေါ်ခြင်းပင်။

ထို့ကြောင့် သွေးနီလ ပေါ်ပေါက်လာသည်နှင့် အင်္ကျီမဝတ်ထားသည့် ကောင်လေးက ဆင့်ခေါ်ခြင်းစွမ်းရည်ကို သုံးပြီး သူ့အဖော်များကို ခေါ်လိုက်ခြင်း ဖြစ်သည်။

အင်္ကျီမဝတ်ထားသည့် ကောင်လေးက စောစောက သူတို့နှင့်တွေ့သည့်အချိန် သူ့ဇစ်မြစ်ကို ဖုံးကွယ်ထားရခြင်းမှာ သူတစ်ယောက်တည်းက ချူဟွိုက်တို့အုပ်စုကို မနိုင်မှာ ကြောက်၍ပင်။ ထို့ကြောင့် အဖြူရောင်လသာသည့်အချိန် သူက သူ့အဖော်များ ရောက်အလာကို စောင့်နေခဲ့သည်။

ဘာမှမမြင်ရတော့ပဲ ရုတ်ချည်းမှောင်ကျသွားကာ အနီးအနားရှိ အိမ်ခေါင်မိုးများကလည်း အနီရောင်တောက်နေသည်။

လရောင်က အေးစက်သော လေထုကို ထုတ်ပေးနေပြီး ထိုအင်္ကျီမပါသည့် ကောင်လေး၏ မျက်နှာပေါ် အလင်းရောင် ဖြာကျနေ၍ ထိုကောင်လေး၏ ရက်စက်ယုတ်မာမည့် မျက်နှာကို တွေ့လိုက်ရသည်။

ထိုကောင်လေးက ချူဟွိုက်တို့အုပ်စုဆီ စိုက်ကြည့်လာပြီး မောက်မောက်မာမာ ပြောလာသည်

" မင်းတို့ မှန်းတာ မှန်တယ်။ ငါက တကယ် သရဲပဲ"

“ဒီဖြစ်ရပ်ထဲကို ဝင်လာကြတဲ့သူ စုစုပေါင်းက အယောက်၂၀ မရှိဘူး။ ဒါပေမယ့် မမျှော်လင့်ပဲ တစ်ခါတည်း သာမန်လူလေးယောက်နဲ့ သွားတိုးမိပါရောလား။ အာ မဟုတ်သေးဘူး...."

ထိုကောင်လေးက မလှမ်းမကမ်းမှ ကလေးကို ဝမ်းပန်းတသာ ပွေ့ပိုက်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးကြီးကို အမှတ်ရသွားသည်။

"သာမန်လူ ငါးယောက်ပေါ့"

"မင်းတို့ကို သတ်ပြီးတာနဲ့ ငါတို့က ဒီသောက်ကျိုးနည်း ဖြစ်ရပ်ကြီးကနေ ထွက်သွားနိုင်တော့မှာ" ထိုကောင်လေး၏ မျက်နှာက ပုံဆိုးပန်းဆိုး ဖြစ်လာသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now