chapter 37

571 96 0
                                    

Chapter 37
May 26, 2024
👻Chapter 37:

သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (15)

သူမအတွက်ကတော့ ချူကျောင်းက သုံးလေးရက်လောက် သိခဲ့ဖူးတဲ့ သူစိမ်းတစ်ယောက် သာသာပဲ။ သူမ သေသွားလည်း သနားနေစရာ မရှိဘူး။

သူမ လူမသတ်ချင်သော်လည်း ချူကျောင်းက သူမနှင့် သူမအိမ်ကြား ကန့်လန့်ခံနေသော အတားအဆီးတစ်ခု ဖြစ်လာ၍ သူမ၏ မူစန်းကို ထုတ်လိုက်ရန် လက်တွန့်နေမည် မဟုတ်ပေ။ အရင်အချိန်တုန်းက ရလဒ်က သူမအပေါ်သာ မူတည်ခဲ့သည်။

ဒီနေ့ထိ ရောက်လာဖို့က အရမ်းခက်ခဲခဲ့တာ၊ သူမအသက်ကလည်း ပွက်ကာသီကာလောက် လွတ်ခဲ့ရတာ။ ဒီတစ်ကြိမ်မှာ ဘယ်လိုလုပ်ပြီး ကျရှုံးအောင် လုပ်နိုင်ပါ့မလဲ။

စုန့်ချန်က အံတင်းတင်းကြိတ်ပြီး နှုတ်ခမ်းတင်းတင်းစေ့မိသည်။

ညနက်နေပြီဖြစ်၍ မြို့ထဲရှိ အပူချိန်ကလည်း တဖြေးဖြေး ကျဆင်းလာသည်။ ကျင်းထျန်းယိက ချူဟွိုက်၏ ဂျာကင်အင်္ကျီကို ဇစ်ဆွဲပေးလိုက်သည်။

"ရှင် မချမ်းဘူးလား" ချူဟွိုက်က ကျင်းထျန်းယိနှင့်အတူ လော်မင်ကို ရှာရန် သွားနေရင်း လှည့်မေးလာသည်။

ယခုမှသာ ကျင်းထျန်းယိက သူ့အဝတ်အစားများကို ချွတ်ပြီး သူ့ကို ဝတ်ပေးခဲ့မှန်း မှတ်မိသွားရသည်။ ထိုလူက သေသေသပ်သပ် အင်္ကျီလက်တိုလေး တစ်ထည်သာ ဝတ်ထားသည်။ ထပ်ပြီး ကျင်းထျန်းယိက သူ့ပင်ကိုယ်စိတ်အတိုင်း အထိန်းအကွပ် မရှိသည့်ပုံပေါ်နေသည်။

"မချမ်းဘူး" ကျင်းထျန်းယိက ခေါင်းခါပြရင်း ရယ်သံနှင့် ပြောလာသည်

" မင်း  မယုံရင် ကိုယ့်ကို လာထိလို့ ရတယ်နော်"

ချူဟွိုက် " ....."

ချူဟွိုက်က နောက်ကို လှည့်ကြည့်လာရာ ကျင်းထျန်းယိနှင့် အကြည့်ချင်း ဆုံသွားရသည်။

ကျင်းထျန်းယိက သူ့ကို ပြုံးပြနေသည်။

ညလေအဝှေ့တွင် တစ်ယောက်ယောက်က ခလုတ်ဆွဲလာသည့် အသံကို အနောက်မှ ကြားလိုက်ရသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now