chapter 18

559 79 2
                                    

Chapter 18
May 25, 2024
👻Chapter 18:

ယဇ်ပူဇော်ခြင်း (1)

နောက်တစ်နေ့ မနက်စောစောတွင် စုန့်ချန်က တံခါးခေါက်လာ၍ ချူဟွိုက်က နိုးသွားရသည်။ သူက မျက်လုံးဖွင့်လိုက်သည့်အချိန် ကျင်းထျန်းယိ၏ ချောမောသည့် မျက်နှာက လက်တစ်ကမ်းအလိုတွင် ရှိနေပြီး ချူဟွိုက်က သူ့ကို ခွထားမှန်း တွေ့လိုက်ရသည်။

သူက ရှက်သွား၍ ကျင်းထျန်းထိပေါ် တင်ထားသည့် ခြေထောက်ကို အမြန်ပြန်ရုတ်လိုက်သည်။ ထို့နောက် သူက အိပ်ရာဘေးထားထားသည့် ကျင်းထျန်းယိ၏ ဝတ်ရုံကို ယူဝတ်လိုက်ပြီး တံခါးသွားဖွင့်လိုက်သည်။

ကျင်းထျန်းယိက ချူဟွိုက်နောက်မှ တိတ်တဆိတ် ထရပ်လာပြီး သူက တစ်ဖက်လူကို အပြုံးလေးနှင့် မျက်လုံးမှေးကြည့်လာသည်။

ချူဟွိုက်က ကုတင်စွန်းတွင် မအိပ်ရပဲ သူ့လက်မောင်းထဲ အိပ်ခွင့်ရရန် သုံးရက်သာ အချိန်ယူလိုက်ရသည်။

“ကျောင်းကျောင်း။ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"

စုန့်ချန်က အံ့သြသွားရသည်။ သို့သော်လည်း သူမခေါင်းထဲ ရုတ်တရက် အတွေးတစ်ခု ပေါ်လာ၍ သူမမျက်နှာက အနီရောင်သန်းသွားလေသည်။

ချူဟွိုက်ဝတ်ထားသည့် ဝတ်ရုံကို မြင်သွား၍ သူမမှန်းဆချက်က မှန်သွားရသည်။

ချူဟွိုက်က ရှက်သွားသလို ပြုံးပြလာသည်။ အဲ့ဒါအမှန်ပဲ။ အစ်မ ထင်နေတဲ့အတိုင်းပဲ...။

"တစ်ခုခုလိုလို့လား" ကျင်းထျန်းယိက လျှောက်လာပြီး မထူးခြားသလို မေးလာသည်။

စုန့်ချန်၏ မျက်နှာက မည်းမှောင်သွားသည်။သူမ၏ နှုတ်ခမ်းထောင့်က ခါးသီးမှုတို့ ပြည့်နေသည် " ကျွန်မ ရှုံးသွားတယ်"

ကျင်းထျန်းယိက အံ့သြသွားရသည် " ဒီလောက် မြန်တယ်လား"

သူက မျက်ခုံး အနည်းငယ် ကျုံ့လိုက်သည် " မင်း ဘယ်သူနဲ့ တိုးခဲ့တာလဲ"

စုန့်ချန်၏ ခွန်အားက မသေးပေ။ သူမသာ သာမန်လူတစ်ယောက်နှင့် ဆုံခဲ့ပါက ဤကဲ့သို့ ရှုံးသွားမည် မဟုတ်ပေ။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now