Chapter 40
May 26, 2024
👻Chapter 40သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (18)
သူ၏ သတ်မှတ်ချက်က ရှင်းလင်းပြီး ကျိုးကြောင်းညီညွတ်၍ လော်မင်ကပင် လေးစားသွားရသည်။
"ကျွန်မတို့က ဘယ်အဖွဲ့ကပဲ ဖြစ်ဖြစ် တကယ်တော့ ပြိုင်ပွဲဝင်တွေပဲလေ။ အခုက ဖြစ်ရပ်က တမင်သက်သက် အငြင်းပွားစရာ ဖြစ်အောင် ဖန်တီးထားတာ။ ဖြစ်ရပ်ရဲ့ တကယ့်ပန်းတိုင်က ကျွန်မတို့ ပြန်မစုစည်းနိုင်အောင် တားဖို့ပဲ မဟုတ်လား"
“ ကျွန်မ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိတယ်၊ တကယ်လို့ ရှင့်ရဲ့ ဇစ်မြစ်ကို အစကတည်းက ဖုံးကွယ်မထားပဲ ကျွန်မလည်း ရှင် သရဲ ဖြစ်နေမှန်း စောစော သိခဲ့မယ် ဆိုရင် အသက်ရှင်ဖို့အတွက် သေချာပေါက် ရှင့်ဆီကနေ ထွက်ပြေးခဲ့မှာပေါ့။ ဒါက ပုံမှန်တုန့်ပြန်မှုပဲလေ။ ရှင်က ကျွန်မကို မသတ်ပါဘူးလို့ ကတိပေးရင်တောင်မှ ကျွန်မက ရှင့်ကို ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်မှာလဲ"
ချူဟွိုက်က ကျင်းထျန်းယိဘက်ကို လှည့်ကြည့်လိုက်သည်။
"အဲ့ဒီတုန်းက ပုဆိန်ထုတဲ့ အသံကြီးကို မှတ်မိသေးလား။ တကယ်လို့ အစ်ကိုကျင်းနဲ့ ကျွန်မမှာသာ ဆက်သွယ်လို့ရတဲ့ အထူးနည်းလမ်း ရှိမနေဘူးဆိုရင် ...တကယ်လို့..."
ချူဟွိုက်က သရုပ်ဆောင်ပြလိုက်ရန်လည်း မမေ့ပေ။ သူ့မျက်နှာက နီရဲလာပြီး " ကျွန်မတို့သာ မရင်းနှီးဘူးဆိုရင် သူ့ကို ယုံကြည်မှာ မဟုတ်ဘူးလေ။ ကျွန်မ...ကျွန်မက ပြတင်းပေါက်ပေါ်ကနေ ခုန်ထွက်ပြီး ရှင်နဲ့အတူတူ ထွက်ပြေးသွားမှာပေါ့"
ကျင်းထျန်းယိက နေရာရှာစွမ်းရည်ကို သုံးခဲ့ရသည့်အတွက် အားတော်တော် ကုန်သွားခဲ့သည်။ သူက တိတ်တိတ်လေး နားထောင်ပြီး ချူဟွိုက်လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရုံသာ တတ်နိုင်သည်။
ချူဟွိုက်က ယခုအချိန်တွင် ဘာမှမမလုပ်ပေးနိုင်သည့်သူ ဖြစ်နေသည်။
လော်မင်က ဆင့်ခေါ်ခြင်းစွမ်းရည်ကို သုံးလိုက်ပြီးနောက် ချူဟွိုက်ပြောလာသည်ကို ကြားလိုက်ရသည်
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
Horrorချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ် ကမ္ဘာကြီးထဲ ရောက်သွားပြီး အမျိုးသမီး အဝတ်အစား ဝတ်ထားသည့် ယောက်ျားတစ်ယောက်အဖြစ် ပုံစံပြောင်းသွားခဲ့သည...