Chapter 31
May 26, 2024
👻Chapter 31:သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း(9)
ဤမေးခွန်းက ထူးဆန်းနေသော်လည်း ချူဟွိုက်က အမျိုးသမီးတစ်ယောက် အမြင်အနေနှင့် ဖြေပေးလိုက်သည်။
ထို့နောက် ချူဟွိုက်က ထိုကိစ္စကို သေသေချာချာ စဥ်းစားကြည့်လိုက်သည်။ အမျိုးသမီးက ၁၈နှစ် အမျိုးသားက ၆၀ ၇၀အရွယ်ဆိုရင် အမျိုးသမီးဘဝအတွက် မကောင်းလောက်ဘူး။ သူမက သူမအမျိုးသား စိတ်ကျေနပ်အောင် လုပ်ပေးရမယ် မိန်းမတာဝန်ကျေအောင်လည်း လုပ်ပေးရဦးမယ်။ ဒါပေမယ့်လည်း ယောကျ်ားက အသက်ကြီးနေပြီဆိုတော့ အိပ်ရာပေါ် ထိန်းထားနိုင်မယ်လို့ အာမမခံနိုင်ဘူး၊ သူ့အရိုးတွေတောင် ကျိုးချင်ကျိုးသွားနိုင်တယ်။
ပြီးတော့လည်း လူအိုကြီးတွေက လူတွေကို ညှင်းပန်းနှိပ်စက်ရတာ ကြိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပြန်စဥ်းစားကြည့်ကြည့်လေ။ ယောက်ျားသေပြီး သူ့စည်းစိမ်တွေ အမွေရသွားလို့ရှိရင် ပျော်ပျော်ရွှင်ရွှင် နေသွားရတော့မှာပေါ့။
ကျင်းထျန်းယိက ခေါင်းတယမ်းယမ်း လုပ်နေသည့် ချူဟွိုက်ကြောင့် အနည်းငယ် မျက်နှာပြောင်းလာသည်။
"...ကျွန်မတော့ အလုပ်ဖြစ်မယ်လို့ မထင်ဘူး"
ချူဟွိုက်က ပြင်းထန်သည့် သုံးသပ်ချက် ပေးလာသည်။
ကျင်းထျန်းယိက မျက်နှာလှည့်သွားသည် " ...ကိုယ်လည်း အလုပ်ဖြစ်မယ်လို့ မထင်ပါဘူး"
လေးယောက်သား အခြားပြိုင်ပွဲဝင်များကို တွေ့နိုင်ရန်အလို့ငှာ လရောင်အောက် လမ်းလျှောက်သွားလိုက်ကြ၏။
ကျင်းထျန်းယိ၏ မျက်လုံးများက နက်မှောင်နေသည်။ သူက အခြား ဦးတည်ရာဘက်ကို လှည့်ကြည့်လိုက်သည်။
ထိုနေရာတွင် လူများ ရှိနေသည်။
လော်မင်က ရုတ်တရက် ချူဟွိုက်ကို ဆွဲလာသည်။
လော်မင်၏ မျက်နှာက ခပ်ချဥ်ချဥ်ဖြစ်နေပြီး တိုးတိုးပြောလာသည် " မင်း ကျင်းထျန်းယိကို သတိထားရမယ်"
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
Horrorချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ် ကမ္ဘာကြီးထဲ ရောက်သွားပြီး အမျိုးသမီး အဝတ်အစား ဝတ်ထားသည့် ယောက်ျားတစ်ယောက်အဖြစ် ပုံစံပြောင်းသွားခဲ့သည...