Chapter 11
May 24, 2024👻Chapter 11:
ဝိဥာဥ်လက်ထပ်ပွဲ (10)
လော့ဇီယန်က အပြေးအလွှား ဝင်လာချိန် ယင်းရှောင်ဖုန်း၏ မင်္ဂလာဝတ်စုံပေါ်မှ အနီရောင်အလင်းတန်းက ချက်ချင်း မှေးမှိန်သွားလေသည်။
လော့ဇီယန်က အထဲတွင် ဖြစ်ပျက်နေသည်ကို သတိထားမိသွားသည်နှင့် သူက ထိတ်လန့်လာရသည်။ သူက အမြန်သွားပြီး ယင်းရှောင်ဖုန်း၏ ခြေလက်များကို ဖိထားလိုက်သည်။
ဝမ်ရွှယ်က အကြိမ်အနည်းငယ် ရုန်းကန်နေရာမှ ဖြူဖျော့သွားလေသည်။ မျှော်လင့်ချက်မဲ့နေသည့် လော့ဇီယန်ကလည်း မေ့လဲမတတ် ဖြစ်သွားရသည်။
ချူဟွိုက်ကလည်း ကိုင်ထားသည့် ဝမ်ရွှယ့်ဆံပင်များကို လွှတ်ပေးလိုက်ရင်း စိတ်အေးသွားသလို အသက်ပြင်းပြင်းရှူမိသည်။
အမျိုးသမီးများကြား ရန်ပွဲတွင် တစ်ဖက်လူကို ဆံပင်ဆွဲရန် မကြိုးစားလာသည့်သူ မရှိပေ။
“သူမ...သူမက သရဲ မဖြစ်နိုင်ဘူး မို့လား" လော့ဇီယန်က ခက်ခက်ခဲခဲ တံတွေးတို့ မြိုချလိုက်ရသည်။
“သူမက အားနည်းတဲ့ ကြက်ကလေးလို့ ရှင်ထင်နေတာလား" ချူဟွိုက်က မျက်နှာသေနှင့် ပြောလာသည်။
လော့ဇီယန်က ရှက်သွားသလို နှာခေါင်းပွတ်လိုပ်သည်။
ချူဟွိုက်က ရှင်းပြလာသည်
" အဲ့ဒီနေ့က ဝမ်ရွှယ်က ရေအိမ်ထဲမှာ သရဲနဲ့ ဆုံခဲ့တယ်။ အစ်ကိုကျင်းနဲ့ ကျွန်မတို့ ဝင်သွားတာနဲ့ ကိစ္စက ဖြစ်သွားခဲ့တယ်။ နောက်တော့ ကျွန်မ ပုံဖော်ကြည့်မိတာ...အဲ့ဒါက သဲလွန်စ ဖြစ်နေတယ်လေ"
“ဘာသဲလွန်စလဲ" လော့ဇီယန်က အံ့သြသွားရသည်။
"လိင်အမျိုးအစားပဲ" ချူဟွိုက်က စကားရပ်သွားသည်
" နောက်ဆုံးတစ်ခေါက်က ဝမ်ရွှယ်ကို ကယ်ခဲ့တဲ့သူက ကျွန်မ မဟုတ်ဘူး။ အစ်ကိုကျင်းပဲ။ သူက အမျိုးသား ဖြစ်ပြီး ဝမ်ရွှယ်က အမျိုးသမီး ဖြစ်နေလို့ အမျိုးသားနဲ့ အမျိုးသမီး အတူတူရှိနေတာကြောင့် ဘေးကင်းနေတာ"
![](https://img.wattpad.com/cover/368449747-288-k122704.jpg)
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
Horrorချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ် ကမ္ဘာကြီးထဲ ရောက်သွားပြီး အမျိုးသမီး အဝတ်အစား ဝတ်ထားသည့် ယောက်ျားတစ်ယောက်အဖြစ် ပုံစံပြောင်းသွားခဲ့သည...