chapter 12

817 121 1
                                    

Chapter 12
May 24, 2024
👻Chapter 12:

ဝိဥာဥ်လက်ထပ်ပွဲ (11)

ချူဟွိုက်က လော့ဇီယန်ကို မောင်းထုတ်ရန် ဆင်ခြေတွေ့သွား၍ ကျင်းထျန်းယိနှင့်အတူ အခန်းထဲနေလိုက်ပြီး အထဲမှ သော့ခတ်လိုက်သည်။

ကျင်းထျန်းယိက ကုတင်ပေါ် ခြေချိတ်ထိုင်လိုက်ရင်း သူ့ကို စူးရှသည့် အကြည့်နှင့် ကြည့်လာသည်။

ချူဟွိုက်က နူးနူးညံ့ညံ့ ပြုံးပြလာသည်။ သူက အနားကပ်သွားလိုက်ရင်း တစ်ဖက်လူရှေ့ ထိုင်ချလိုက်ကာ သူ၏ ဖြူဖြူသွယ်သွယ်လက်များကို ကျင်းထျန်းယိ၏ အဝတ်ပေါ် တင်လိုက်သည်။

ကျင်းထျန်းယိက အံ့သြသွားသော်လည်း သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။

ထို့ပြင် ဤလူ့ကို မည်သို့များ ဆက်ပြီး ဖုံးကွယ်ထား၍ ရနိုင်တော့မည်နည်း။

သူက တစ်ချိန်လုံး ထိုအဝတ်စကို အင်္ကျီအောက်တွင် ဝတ်ထားခဲ့သော်လည်း ယခုက ဝတ်မထားချေ။ ချူဟွိုက်သာ ယခုချိန် သူ့အင်္ကျီကို ချွတ်လာခဲ့ပါက သူက ချောင်သခင်မကြီးကို သတ်ခဲ့မှန်း သိသွားပေလိမ့်မည်။ 

ကျင်းထျန်းယိက ရယ်မောလိုက်သည် " ကျောင်းကျောင်း...အချိန်မကျသေးဘူးလေ"

ချူဟွိုက်:"....."သူ့မျက်နှာက ရဲတွတ်သွားရသည်။

ကျင်းထျန်းယိက အပြုံးဖျော့ဖျော့နှင့် ချူဟွိုက်ကို လုပ်ကိုင်ခွင့်ပေးထားသည်။

ချူဟွိုက်က အင်္ကျီကြယ်သီးများကို တစ်လုံးပြီးတစ်လုံး ဖြုတ်လိုက်သည်။ သူ၏ လက်ချောင်းများက လှပပြီး ဖဲကြိုးတစ်ချောင်းလို ပျော့ပျောင်းလေသည်။

အစက ချူဟွိုက်က သူ၏အတွေးများကို အတည်ပြုချင်ရုံသာ ဖြစ်သော်လည်း သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီး စိတ်ရှုပ်ထွေးလာရသည်။

ထိုလူ့တွင် ကျဥ်းမြောင်းသော ခါးရိုးနှင့် သန်မာသော ကိုယ်ခန္ဓာရှိကာ ကြွက်သားအပြည့်နှင့် ကောင်းမွန်စွာ ဖွဲ့စည်းထားသည်။

လေထုက တစ်ခဏမျှ နူးညံ့ပြီး သက်ဝင်နေသည်။

ကျင်းထျန်းယိက ချူဟွိုက်၏ လှုပ်ရှားမှုများ အပြီးသတ်ရန် စောင့်နေလေသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now