chapter 56

187 27 2
                                    

Chapter 56
June 02, 2024
👻Chapter 56

- ချယ်ရီရောင်သန်းနေသော (6)

-

ကျိုးရှို့ဝမ်နှင့် မတွေ့ခင် တုန့်အန်ယာ၌ နှစ်နှစ်ကျော် တွဲလာသည့် ကောင်လေးတစ်ယောက် ရှိခဲ့ဖူးသည်။

ထိုအချိန်က တုန့်အန်ယာက ကောလိပ်တွင် ပညာသင်ဆဲအချိန် ဖြစ်ပြီး ချိုသာသည့် သူမပုံစံလေးနှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းသည့်အတွက် နာမည်ကြီးသည့် ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်။

ထိုကောင်လေးက နှစ်တော်တော်ကြာသည်ထိ သူမနောက် လိုက်ပိုးခဲ့သည်။ တုန့်အန်ယာက ထိုကောင်လေးအပေါ် ခံစားချက် သိပ်မရှိသော်လည်း စိတ်မသန့်သလိုဖြစ်မိပြီး ထိုကောင်လေးက ကြင်နာတတ်သည့်အတွက် ခွင့်ပြုလိုက်ခြင်းပင်။

ဘွဲ့ရပြီးနောက် နှစ်ဦးသား တစ်နေရာစီ ကွဲသွားကြသည်။ အကြောင်းတစ်ချို့ကြောင့် တုန့်အန်ယာက ကောင်လေးရှိခဲ့ဖူးသည် ဆိုသည့်အကြောင်း မိဘများကို မပြောပြခဲ့ပေ။

သူမ၏နှလုံးသား အောက်ခြေထိ ထိုကောင်လေးကို အသိအမှတ်မပြုထား၍လည်း ဖြစ်နိုင်သည်။

သူမ၏မိဘများက ဘလိုင်းဒိတ်သွားရန် တောင်းဆိုလာခဲ့ချိန် သူမက တွန့်ဆုတ်နေပြီးမှ သဘောတူခဲ့သည်။

မူလက သူမက အကြောင်းပြချက်တစ်ခု ရရန်အတွက် မိဘများကို မလိမ့်တပတ်လုပ်ချင်ခဲ့သော်လည်း ကျိုးရှို့ဝမ်နှင့် တွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျိုးရှို့ဝမ်ဘက်မှ နီညိုရောင် လုပ်ငန်းကတ်လေးကို မဝံ့မရဲ ကမ်းပေးလာသည့်အချိန် တုန့်အန်ယာက လှမ်းယူလိုက်ရင်း ထိန်းမရအောင် လက်များတုန်ယင်နေခဲ့သည်။ သူမ၏ အတိတ်ရှိ ဆက်ဆံရေးတွင် လိုအပ်နေသည့်အရာကို နောက်ဆုံး သိသွားခဲ့ပြီဖြစ်သည်။

သူမက တွန့်ဆုတ်နေခဲ့သည့်သူ ဖြစ်လင့်ကစား အိမ်ပြန်ရောက်သည်နှင့် အရင်ရည်းစားကို ချက်ချင်း လမ်းခွဲလိုက်လေသည်။

လဝက်ခန့်ကြာပြီးနောက် ကျိုးရှို့ဝမ်နှင့်သူမတို့ ကဖေးတစ်ခုတွင် ကော်ဖီသောက်နေသည့်အချိန် သူမ၏ ရည်းစားဟောင်း၏မိခင်ဖြစ်သူက ဖုန်းခေါ်၍ အိပ်ဆေးအများကြီး သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည့် သားဖြစ်သူအကြောင်း ပြောလာခဲ့သည်။ ထို့ကြောင့် ကုန်လွန်ခဲ့သည့်လဝက်ခန့် ကာလက မုန်တိုင်းမလာခင် လေပြေဝင်လာခြင်းပင်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now