chapter 21

658 107 0
                                    

Chapter 21
May 25, 2024
👻Chapter 21:

ယဇ်ပူဇော်ခြင်း(4)

ဓါးပဲ့ကြီးကို စိုက်ကြည့်နေရင်း ချူဟွိုက်က ဤနေရာအတွက် သူက အသုံးဝင်သွားသလို ခံစားရသည်။

ဤနှစ်များအတွင်း သူက သရဲတစ်ကောင် ကပ်တွယ်ခံရသည်။ ဤအကြောင်းကြောင့် သူ၏ နာကျင်မှုဒဏ် ခံနိုင်ရည်အားက အလွန်ကောင်းမွန်လေသည်။

ထိုအကြောင်း စဥ်းစားမိရုံနှင့် ချူဟွိုက်က သူတော်တော်လေး ကိုးရိုးကားယားနိုင်ခဲ့မှန်း ခံစားမိပြီး ရယ်မိသွားရသည်။

သူ့ကို သူ့မိဘများက စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့ခဲ့ကြသည်။ ကျိန်းသေပေါက် သူကလည်း သွားချင်သည့်ဆန္ဒရှိနေ၍ပင်။

ဘယ်အချိန်ကစပြီး သူ့ကို သရဲက လာကပ်တွယ်ခဲ့မှန်း မသိသော်လည်း အသက်ခုနစ်နှစ်အရွယ်ကလောက် ဖြစ်မည်ထင်သည်။

သူကလေးဘဝကတည်းက ကျန်းမာရေး ညံ့ဖျင်းသည်။ အဖျားအားနည်းလျှင် သုံးရက်ခန့် ကြာတတ်ပြီး အဖျားကြီးလျှင်ဖြင့် ငါးရက်ခန့် ကြာတတ်သည်။ သို့သော်လည်း သူ့မိဘများက အဆန်းလုပ်မနေကြတော့ပေ။

အသက်ခုနစ်နှစ်က သူ၏ အလှည့်အပြောင်း ဖြစ်ခဲ့သည်။ ထိုအချိန်မှစ သူက ထိန်းချုပ်မရဖြစ်လာသည်။ မှတ်ဥာဏ်ကဖြင့် ရေးတေးတေးလေး ရှိနေပါသေးသည်။

သူအသိဝင်လာသည့် အချိန်တိုင်း စူးစူးရှရှအော်သံများနှင့် နာကျင်ညည်းညူနေကြသည့် အသံများသာ ကြားရသည်ပင်။

သူက အခြားသူများကို ချွန်ထက်သည့် လက်နက်နှင့် ထိခိုက်အောင် လုပ်ခဲ့မိသည်။

သူ ပထမတန်းအရွယ်တွင် သူ၏ ပထမဆုံး ထိုင်ခုံဖော် မိန်းကလေး၏ လည်ပင်းကို ချွန်ထက်ပြီး အသွားရှည်သည့် ခဲတံနှင့် ထိုးစိုက်ခဲ့ဖူးသည်။

ခဲတံပေါ်က သွေးများက သူ့လက်ပေါ်သို့ ပန်းထွက်လာပြီး လက်ပြင်တစ်လျှောက် စီးကျသွားကာ အင်္ကျီလက်ထဲ ဝင်သွားသည့်ပုံစံက ကြောက်စရာကောင်းသည့် သွေးကင်းခြေများ တစ်ကောင်နှင့်ပင် တူသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now