Chapter 42
May 26, 2024
👻Chapter 42:သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း(20) အဆုံးသတ်
အိမ်များက တစ်ပုံစံတည်း ဖြစ်နေ၍ တစ်အိမ်တည်းကို နှစ်ကြိမ်ဝင်မိပြီး အချိန်ဖြုန်းမိမှာစိုး၍ ချူဟွိုက်က အရင်ဦးဆုံး မြို့ပတ်လမ်းကို လျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။
သူက သရဲကို မည်သည့်နေရာတွင်မဆို ရှာတွေ့နိုင်သည်။
ထို့ပြင်က သူက နာရီအနည်းငယ်သာ ကျန်တော့၍ အလဟဿ ကုန်ဆုံးမသွားစေချင်ပေ။
ချူဟွိုက်က နံရံထူကြီးကို ပွတ်သတ်ကြည့်ရင်း နောက်ဆုံး မြို့တံတိုင်းကို ရှာတွေ့သွားပြီမှန်း သေချာသွားသည်။
အချိန်ကရပ်သွား၍ သွေးနီလအချိန်ပဲ ရှိနေတော့မည် ဖြစ်သည်။ ကောင်းကောင်းမမြင်ရ၍ ချူဟွိုက်အတွက် လှုပ်ရှားရသည်မှာ အနည်းငယ် ခက်ခဲသည်။
သူက နာရီအနည်းငယ် သုံးပြီး တံတိုင်းကြီးကို ထိကြည့်ရင်း တစ်မြိုလုံး ပတ်သွားကြည့်ရာ မြို့က လေးထောင့်ပုံစံရှိနေမှန်း သိလိုက်ရသည်။
ကွေ့ပတ်သွားပြီးနောက် ခြေထောက်များက ထုံကျင်လာပြီး လမ်းလျှောက်တိုင်း ခြေထောက်ကြွက်သားတို့ နာကျင်လာရသည်။
ချူဟွိုက်က သူ့ကိုယ်သူ ကံကောင်းရန် ဆုတောင်းလိုက်ရင်း လမ်းတစ်လျှောက် ဆင်းသွားလိုက်ပြီး တစ်အိမ်ချင်း ဝင်စစ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူက အနည်းငယ် စိတ်ပျက်သလို ခံစားရသည်။
သရဲနောက်ကို လိုက်ရမယ့်အလှည့်က ဘယ်လိုလုပ်ပြီး သူ့အလှည့်ဖြစ်လာရတာလဲ...
သူက သရဲနောက်လိုက်နေတယ် ဆိုရင်တောင်မှ သရဲနဲ့ တူတူပုန်းတမ်း ဆော့ဖို့ လိုနေတုန်းပဲ...
ပြိုင်ပွဲဝင်တွေလည်း ရပ်တန့်သွားတယ်ဆိုပေမယ့် သရဲလည်း အဲ့ဒီအတိုင်း ရပ်သွားဖို့ မလိုဘူးလေ...
သရဲက သူ့ကို ပုန်းနေပြီး မျောက်နှစ်ရဲ့ မြင်းလအဆုံးထိ ရှာရဦးမယ်ဆိုရင်ရော...[t/n ဒါက ဘယ်တော့မှ ရှိလာမှာမဟုတ်တဲ့ အချိန်ပါ(တရုတ်ပြက္ခဒိန်ရဲ့ လတွေ နှစ်တွေ အဲ့ဒီရက်စွဲက မပါပါဘူး)]
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
Horrorချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ် ကမ္ဘာကြီးထဲ ရောက်သွားပြီး အမျိုးသမီး အဝတ်အစား ဝတ်ထားသည့် ယောက်ျားတစ်ယောက်အဖြစ် ပုံစံပြောင်းသွားခဲ့သည...