chapter 7

661 87 2
                                    

Chapter 7
May 24, 2024
👻Chapter 7

ဝိဥာဥ်လက်ထပ်ပွဲ(6)

ချူဟွိုက်က အခြားသူမမြင်ခင် အင်္ကျီလက်ကို ချက်ချင်း ချလိုက်ပြီး လက်ကို နောက်ပို့ထားလိုက်သည်။

စောစောက မာမိသားစုတွင် မကောင်းဆိုးဝါးစွမ်းအင်နှင့် ထိတွေ့ခဲ့၍ ဖြစ်နိုင်သည်။ ထို့ကြောင့်လည်း သူ့ကိုယ်ထဲရှိ ဖိနှိပ်ထားသည့် ယင်စွမ်းအင်က နိုးထလာခြင်းဖြစ်သည်။

“ချူကျောင်း...မင်း အဆင်ပြေရဲ့လား"

လော့ဇီယန်က အနည်းငယ် ထိတ်လန့်သွားသည်။ မူလက သူက ပြတင်းပေါက်ဘေးတွင် ဆေးလိပ်သောက်နေခြင်း ဖြစ်ပြီး ဖြစ်သွားသည့်အရာကို လှမ်းမြင်သွားသည်။ သူက ချက်ချင်းပင် ခွေးခြေခုံတစ်ခု ရွှေ့ပေးလာသည်။

“ဆောရီး။ကျွန်မမှာ မွေးရာပါရောဂါ တစ်ခု ရှိလို့" ချူဟွိုက်က လိမ်လိုက်သည်။

သူက လော့ဇီယန်ကို  သူထိုင်ဖို့မလိုကြောင်း လက်ယမ်းပြလိုက်သည်။

မိနစ်အနည်းငယ်အတွင်း ချူဟွိုက်က နာကျင်လွန်း၍ ချွေးတို့နစ်နေပြီး အင်္ကျီလက်အောက်က လက်များကလည်း ထိန်းမရအောင် တုန်ယင်နေသည်။

သေစမ်း ငါတော့....။

တစ်ဖက်တွင်လည်း ကျောက်ရှင်းက သူ၏ ကံဆိုးမှုကို စိုက်ကြည့်နေသည်။

“အစ်ကိုကျင်းကရော..." ချူဟွိုက်က နာကျင်မှုကို တောင့်ခံထားရင်း တိုးတိုးတိတ်တိတ် မေးလိုက်သည်။ 

“မာကျစ်ချိန်ရဲ့ သေဆုံးမှုကို စစ်ဆေးဖို့ လီပင်းက ချောင်အိမ်တော်ကို သွားမယ့် သူ့နောက်လိုက်သွားခဲ့တယ်။ ငါလည်း လိုက်ဖို့ စီစဥ်ထားပေမယ့် ဘော့စ်က မလွယ်လောက်ဘူးထင်လို့ ငါ့ကို နေခဲ့ပြီး ကျောက်ရှင်းကို စောင့်ရှောက်ဖို့ ပြောခဲ့တာ"

လော့ဇီယန်က ရှင်းပြနေရင်း ချူဟွိုက်ကို စိုးရိမ်တကြီး ကြည့်လာသည်။ 

“အရမ်း နာနေလား။ ဆေးယူပေးရမလား" သူက ဂရုစိုက်ပြီး မေးလာသည်။

အမှန်တွင်ဖြင့် ဤသည်က ချူကျောင်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သွားသည်။ ချူကျောင်း၏ ခွင့်ပြုချက်မရပဲ သူမ၏ ပစ္စည်းများကို သူကြည့်၍မရချေ။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now