chapter 36

385 61 0
                                    

Chapter 36
May 26, 2024
👻Chapter 36

သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (14)

ဒါ တိုက်ဆိုင်မှု တစ်ခုလား။

ချူဟွိုက်က စိတ်လွတ်သွားစဥ် လက်ထဲရှိ အလေးချိန်က ရုတ်တရက် ကွယ်ပျောက်သွားလေသည်။

ကောင်ငယ်လေးက လေထုထဲ ပျောက်ကွယ်သွားလေသည်။

ချူဟွိုက် လန့်သွားရသည်။

သွေးနီလသာနေသည့် အချိန်အတွင်း လရောင်က မှိန်မှိန်လေးသာ ရှိနေသည်။ သူက အမျိုးသမီးကြီး၏ အလောင်းရှေ့ အေးအေးဆေးဆေး ထိုင်ချလိုက်ရင်း စုန့်ချန်၏ မြင်ကွင်းကို ပိတ်လိုက်၍ သူမက စပ်စု၍ မရတော့ချေ။

ချူဟွိုက်က သေသေချာချာ စစ်ဆေးကြည့်သော်လည်း အလောင်းတွင် မည်သည့်ဒဏ်ရာမှ ရှိမနေချေ။ သူမက တိတ်တိတ်ဆိတ်ဆိတ် သေသွားခဲ့သည့်အတိုင်း။

သူက သက်ပြင်းခိုးရှိုက်လိုက်ရင်း ထရပ်ရန် ပြင်သည့်အချိန် အမျိုးသမီး၏ မီးခိုရောင်သန်းပြီး ညှိုးခြောက်နေသည့် လက်ကို အင်္ကျီလက်အောက်တွင် ရိပ်ခနဲ တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများက ချက်ချင်း နက်မှောင်သွားသည်။

ထိုအမျိုးသမီးက လက်သီးတင်းတင်းစုပ်ပြီး လက်ညှိုးက '၁'လို ပုံစံမျိုး ထောင်ထားသည်။ သူမက စုန့်ချန်ကို ညွှန်ပြနေသည်။

ချူဟွိုက်က နှုတ်ခမ်းတင်းတင်းစေ့ပြီး မျက်လွှာချလိုက်သည်။ သူ၏ မျက်နှာအမူအရာက မည်းမှောင်နေ၍ မျက်တောင်ကော့ကော့များက မျက်နှာထက် အရိပ်တစ်ခု ဖြစ်ပေါ်စေသည်။ 

ယဇ်ပူဇော်သည့် ဖြစ်စဥ်၏ အစမှ အဆုံးထိ မည်သူမှ စုန့်ချန်ရှိနေသည့်ဘက်တွင် ရှိမနေချေ။ ကျင်းထျန်းယိက အမြဲတမ်း အခြားတစ်ဖက်တွင် ရပ်နေ၍ ပြောရလျှင်...ထိုအမျိုးသမီးက စုန့်ချန်ကို ညွှန်ပြနေခြင်း ဖြစ်သည်။

သူမ မသေခင် တစ်ခုခုကို တွေ့ခဲ့တာများလား။

စုန့်ချန်က သူတို့ကြားထဲမှာ ပုန်းနေတဲ့ သရဲလား။

ချူဟွိုက်က ထိုအမျိုးသမီး၏ အင်္ကျီလက်ကို ဆွဲချလိုက်ရင်း သူမလက်ကို ဖုံးထားလိုက်သည်။ သူက မတ်တပ်ရပ်လိုက်ရင်း မျက်ခုံးကို အသာပွတ်လိုက်သည်။ ကိစ္စတွေ ဒီလောက် ရိုးရှင်းပါ့မလား။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now