chapter 25

540 83 0
                                    

Chapter 25
May 25, 2024
👻Chapter 25:

သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (3)

ချူဟွိုက်၏ မျက်ဆံများ ကျုံ့ဝင်သွားသည်။

ဒါ သူ့ဖုန်းပဲ။

ခုနက ရုန်းရင်းကန်ရင်း ပြုတ်ကျသွားတာ နေမယ်။

သူက ပြန်လှည့်လိုက်ရင်း သွေးစွန်းနေသည့် ဖုန်းကို ကောက်ယူလိုက်သည်။ ခေါ်လာသူက 'စုန့်ချန်' ဖြစ်နေသည်။

ချူဟွိုက်က သေချာ စဥ်းစားကြည့်မိသည်။

သူတို့ကို တစ်နေရာစီ ပို့လိုက်တဲ့ ပရလောကရဲ့ ရည်ရွယ်ချက်က ဘာဖြစ်နေမလဲ။

သူတို့သာ အတူတူစုနေရင် သရဲ မလှုပ်နိုင်မှာကြောင့်များလား။ ဒါမှမဟုတ် ဖြစ်ရပ်ရဲ့ အဓိကဇာတ်ကြောင်းအတွက် မကောင်းမှာစိုးလို့ ဖြစ်နိုင်တယ်။ ဘာလို့ ပရလောကက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ခွင့် ပေးထားတာလဲ။

ဖြစ်နိုင်တာက...

ပရလောကက မစ်ရှင်ကို ထောက်ပံ့ပေးဖို့ ကြိုးစားနေပြီး ပြိုင်ပွဲဝင်တွေကို လက်တွဲသွားအောင် လုပ်နေတာလား။

မဟုတ်ဘူး။ တစ်ခုခု မှားနေတဲ့အရာ ရှိရမယ်။

"ကျင်းထျန်းယိလား" လော်မင်က မပျော်မရွှင် ဖြစ်သွားသည်။

ချူဟွိုက်က ခေါင်းခါပြလိုက်ပြီး ဖုန်းလက်ခံဖြေဆိုလိုက်သည်။

စုန့်ချန်၏ အသံက ဖုန်းတစ်ဖက်မှ ထွက်လာသည်

" ဟယ်လို ။ ကျောင်းကျောင်းလား"

ချူဟွိုက်က နူးနူးညံ့ညံ့ ပြန်ဖြေလိုက်သော်လည်း သူ့စိတ်ထဲ ရှုပ်ထွေးမှုတို့ ရှိနေသေးသည်။

စုန့်ချန်က ကျေနပ်ပြီး အံ့သြသွားသည့် အသံနှင့် ပြောလာသည်

" ဖုန်းဆက်သွယ်လို့ရတာ ကောင်းသွားတယ်။  အစ်ကိုကျင်းက ဘာမှမလုပ်ခိုင်းဘူးလေ။ အစ်မလည်း ဘာဆက်လုပ်ရမလဲ မသိတော့လို့ စမ်းကြည့်သင့်တယ်လို့ ပြောလိုက်တာ။ အလုပ်ဖြစ်သွားမယ်လို့ မထင်မိဘူး"

ကျင်းထျန်းယိက သူမကို ဘာမှမလုပ်ခိုင်းဘူးလား။

ချူဟွိုက်၏ မျက်နှာက တောင့်တင်းလာသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now