chapter 22

569 93 2
                                    

Chapter 22
May 25, 2024
👻Chapter 22:

ယဇ်ပူဇော်ခြင်း (5) နောက်ဆုံးပိုင်း

သရဲက သွားရည် တစ်စက်စက် ကျနေပြီး သွားများက 'Jurassic Park' ထဲမှ ဒိုင်နိုဆော၏ သွားများနှင့် ဆင်သည်။ အမှောင်ထဲတွင် သရဲမျက်နှာမှ အစိမ်းရောင်အလင်းတန်းတို့ တစ်လက်လက် ထွက်နေ၍ သူ့ပုံစံက အတော်လေး မည်းသည့်ပုံပင်။

လရောင်အောက်တွင် ချုဟွိုက်က သရဲ​၏ သွားကြားထဲ ကပ်နေသည့် အသားစအကြွင်းအကျန်တို့ကို တွေ့လိုက်ရသည်။

သရဲ၏ ဝမ်းဗိုက်က ကြီးမားပြီး ဘေးပတ်လည်ကလည်း အသံတိတ်နေ၍ သူ့ဗိုက်ထဲရှိ ရေသံနှင့် အခြားအသံများပါ ပလုံစီသလို ကြားနေရသည်။



တိုက်ခန်းထဲတွင်...

လော့ဇီယန်က သရဲမျက်နှာကို တွေ့လိုက်ချိန် မေ့လဲမတတ် ဖြစ်သွားရ၏။ လော်မင်၏ စခရင်တုန်းက သရဲက သူတို့ဘက်ကို ကျောပေးထားခဲ့သဖြင့် မမြင်ခဲ့ရပေ။

ယခုသရဲက ဝိဥာဥ်လက်ထပ်ပွဲက ယခင်သရဲများထက် ပိုပြီး ကြောက်စရာကောင်းလေသည်။

လော့ဇီယန်က သန့်စင်ပြီး လှပသော ချူကျောင်းသာ ထိုသရဲအစားခံလိုက်ရလျှင် ဆိုပြီး တွေးကြည့်လိုက်ချိန် သူ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထလာရသည်။



သူ့ပုံစံက တကယ် အကျည်းတန်လိုက်တာ...။

ချူဟွိုက်က သက်ပြင်း အသာချမိသည်။

သရဲက သူ့ဆီ လျှောက်လာ၍ ချူဟွိုက်က တစ်ဖက်လူအတွက် လမ်းဖယ်ပေးလိုက်သည်။

ချူဟွိုက်က သူစိတ်ထင်နေသည်လား မသိပေမယ့် သရဲ၏ ပါးစပ်ကြီးကြီးက သူ့ကို ပြုံးပြနေသလို အနည်းငယ် လှုပ်ရှားလာမှန်း တွေ့လိုက်ရသည်။  ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအပြုံးကြီးက ငိုတာထက်တောင် ပိုအရုပ်ဆိုးသေးတယ်။

သရဲက အိုးအမည်းအနား ကပ်သွားလိုက်သည်။ သူက အပူချိန်ကို မခံစားရသလို အိုးထဲ လက်နှိုက်ပြီး အမျိုးသမီးအလောင်း၏ ခေါင်းကို ဆွဲထုတ်လိုက်သည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now