chapter 5

759 98 1
                                    

Chapter 5
May 24, 2024

👻Chapter 5:

ဝိဥာဥ်လက်ထပ်ပွဲ (4)

“လီပင်း။ ကျွန်မကို ကယ်ပါ"

လီပင်းက မိန်းကလေး၏ ချစ်သူကောင်လေးဖြစ်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်စဥ် လီပင်းက ထရပ်လိုက်ပြီး ပြေးထွက်သွားသည်။

မိန်းကလေး၏ စူးစူးဝါးဝါးအော်သံကို အခန်းထဲကနေ ကြားနေရသည် " ကယ်ပါ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါဦး။ သရဲတွေ။ သရဲတွေ..."

“မဟုတ်ဘူး။ မလာနဲ့ မလာနဲ့"

"လီပင်း။ ရှင် ကျွန်မကို ထားသွားလို့မရဘူး"

တဲအပြင်ဘက်တွင် လီပင်း၏ ခြေထောက်များက ဖြောင့်ဖြောင့်မရပ်နိုင်လောက်အောင် တုန်ယင်နေပြီး မျက်နှာကလည်း ဖြူဖျော့နေသည်။ လီပင်းက ခေါင်းတွင်တွင်ရမ်းလိုက်ပြီး မဝင်ရဲဖြစ်နေသည်။

တဲထဲတွင် ဝမ်ရွှယ် ရှိနေသည်။

သူ့ကောင်မလေး....

ဒါပေမယ့် အထဲမှာ သရဲရှိနေတယ်။ သရဲ....

သူ မသေချင်သေးပေ။

သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။

စောစောက ညလယ်ခေါင်တွင် ဝမ်ရွှယ်က သန့်စင်ခန်းသွားချင်သည်ဟု ရုတ်တရက် ပြောလာသော်လည်း တစ်ယောက်တည်း မသွားရဲ၍ အဖော်လိုက်ခဲ့ပေးရန် တောင်းဆိုခဲ့သည်။

သူက ဤသို့ ဖြစ်လာမည်ဟု မထင်ထားခဲ့။

မဟုတ်ဘူး။ သူ မသေနိုင်သေးဘူး။ ကောင်မလေးက နောက်တစ်ယောက် ရှာလို့ရပေမယ့် အသက်က တစ်ခုတည်း ပါတာ။

လီပင်းက တဲ၏ ဝေးရာ အနောက်ဘက်ကို တစ်လှမ်းချင်း ဆုတ်မိသည်။

“မဟုတ်ဘူး။ မလာနဲ့။ မလာနဲ့..." ဝမ်ရွှယ်၏ အော်သံက တစ်စတစ်စ သနားစရာကောင်းလာသည်။

သူက အခု အမှန်ပင် မျှော်လင့်ချက်မဲ့နေပြီ ဖြစ်သည်။ လီပင်းက ခေါင်းလှည့်လိုက်ချိန် ကျင်းထျန်းယိကို ရိပ်ခနဲ တွေ့လိုက်၍ အသက်ရှင်လာသလို မျှော်လင့်ချက်ပြည့်လာရသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now