chapter 60

105 19 0
                                    

Chapter 60
June 02, 2024
👻Chapter 60

မင်းသားလေးရဲ့ ကလေးကို လွယ်ထားရခြင်း (10)

မျှော်စင်အောက်က အသံက လူအိုကြီးအသံနှင့်တူပြီး အက်ကွဲနေသည်။

ချူဟွိုက်၏ မျက်ဆံများ ကျုံ့ဝင်သွားရင်း အသံနိမ့်ပြီး ပြောလာသည် " စုန်းမ ရောက်နေပြီလား...."

သူက အမြန် ထရပ်လိုက်ပြီး ပြတင်းပေါက်လေးမှ အောက်ငုံ့ကြည့်လိုက်ရာ ကျိုးတို့ကျဲတဲ မြူနှင်းအလယ်မှ ဝတ်ရုံနက် ခြုံထားသော စုန်းမကို တွေ့လိုက်ရသည်။

စုန်းမကြီးက ချူဟွိုက်အကြည့်ကို အာရုံခံမိ၍ထင် ရုတ်တရက် ခေါင်းမော့ကြည့်လာ၍ သူမ၏ အရေတွန့်နေသော မျက်နှာကို မြင်လိုက်ရသည်။ စုန်းမတို့သဘာဝ ဝက်လိုမျက်နှာနှင့် နှာခေါင်းချွန်ချွန်ကြီးကြောင့် အကြည့်မလွှဲနိုင်အောင် ဖြစ်သွားရသည်။

ထိုအချိန် သူမ၏ နှာခေါင်းပေါက်ကြီး နှစ်ခုက ချူဟွိုက်ရှိရာ ဦးလှည့်ထားလေသည်။

စုန်းမက စိတ်မရှည်သလို ရေရွတ်လာသည် " ရက်ပန်ဇယ်....ရက်ပန်ဇယ်....မင်းဆံပင်ကို ချလိုက်တော့...."

ချူဟွိုက်က နံရံဘက်က ကျင်းထျန်းယိကို တွန့်ဆုတ်တွန့်ဆုတ် လှည့်ကြည့်မိရင်း အမြန်ပြန်ဖြေလိုက်ရသည်

" မေမေကြီး....ခဏလောက် စောင့်ပါဦး....ကျွန်မဆံပင်တွေ ထုံးနေလို့.....သိပ်မကြာဘူး....ပြန်ရတော့မှာ...."

ချူဟွိုက်က ကျင်းထျန်းယိကို နူးနူးညံ့ညံ့ မေးလာသည် " သူမကို တက်လာခိုင်းသင့်လား..."

ကျင်းထျန်းယိက ခေါင်းညိမ့်ပြလာသည် " မူလဇာတ်ကြောင်းတိုင်းဆိုရင် ရက်ပန်ဇယ်က မင်းသားလေးနဲ့အတူ မျှော်စင်ကနေ ထွက်ပြေးနိုင်တာနဲ့ အောင်မြင်သွားပြီလို့ ပြောလို့ရတယ်....

ကိုယ်တို့ အခု သူမကို တက်မလာခိုင်းရင် အပေါ်ယံပိုင်းတော့ လုံခြုံလောက်တယ်....စုန်းမတွေက လင်းနို့ပြောင်းပြီး ပျံလို့မရနိုင်တဲ့အတွက် ရက်ပန်ဇယ်ရဲ့ ဆံပင်က လိုကိုလိုအပ်တယ်....ဒါပေမယ့် ဒီကိစ္စမှာတော့ ကိုယ်တို့က မျှော်စင်ထဲ ပိတ်မိနေတာလေ....နောက်ဆုံးမှာ သေသွားရမှာ...ဒါကြောင့် သဲလွန်စက စုန်းမနဲ့ ပတ်သက်နေတာလည်း ဖြစ်နိုင်တယ်....."

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now