chapter 20

505 90 0
                                    

Chapter 20
May 25, 2024
👻Chapter 20:

ယဇ်ပူဇော်ခြင်း(3)

နောက်ဆုံးအခိုက်အတန့်တွင် ချူဟွိုက်၏ ခေါင်းထဲ မေးခွန်းတစ်ခုက လျှပ်ခနဲ ပေါ်လာသည်။ ကမ်းလှမ်းရမှာက အမျိုးသမီးအလောင်း ဟုတ်ရဲ့လား။

အစမှ အဆုံးထိ သွေးစာတန်းကြီးက 'အမျိုးသမီးအလောင်း' ဟု ပြောမသွားချေ။ သူ့ဘာသာသူ အမျိုးသမီးအလောင်း ဖြစ်လောက်မည်ဟု ထင်ခဲ့ခြင်းသာ။ ဆိုတော့ ဒီလို ဟုတ်ပါ့မလား။

ကမ်းလှမ်းရမှာက အမျိုးသမီးအလောင်းလား ဒါမှမဟုတ် သူကိုယ်တိုင်လား။ ပြီးတော့လည်း သွေးနီရောင်စာတန်းကြီးက အပြစ်ရှိတဲ့သူလို့ ပြောသွားခဲ့တာ....။

ဒီပြိုင်ပွဲက သူ ဒီအမျိုးသမီးကို သတ်ဖို့များ အကွက်ချထားတာလား။

ဖြစ်လောက်တယ်။

သူ့ကိုယ်သူ 'အပြစ်ရှိသည့်သူ'အဖြစ် ပြောင်းပြီး ကမ်းလှမ်းချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်လိုက်လျှင် ထူးဆန်းမနေတော့ပေ။

သူ့တစ်ကိုယ်လုံး မဟုတ်ပဲ သူ၏ တစိတ်တစ်ပိုင်းပဲ ယဇ်ပူဇော်လိုက်ရန်က အကျိုးသင့်အကြောင်းသင့် ရှိသည်။

ပရလောကက ညီတူမျှတူ ပြန်ဖြစ်သွားမည်ဟု ယုံကြည်သည်။ ထို့ပြင် ပြိုင်ပွဲကလည်း နေထိုင်သူအားလုံးအတွက် ဖွင့်ပေးထားခြင်း ဖြစ်သည်။ ဤအတိုင်းဆိုလျှင် သူနှင့် လော်မင်ကသာ ယဇ်ပူဇော်ခံလိုက်ရလျှင် မညီမျှသည့် အခြေအနေ ဖြစ်သွားလိမ့်မည်။

သူက လော်မင်နှင့် ကိုယ်အလေးချိန် မတူပေ။ထို့ကြောင့် ကမ်းလှမ်းချက်က သေချာပေါက် လူ့အသား ဖြစ်ရမည်။

သူနှင့် အမျိုးသမီးအလောင်း နှစ်ခုစလုံးတို့က ကမ်းလှမ်းချက်များ ဖြစ်သည်။

မိန်းမအလောင်း၏ အလေးချိန်နှင့် သူ၏ အလေးချိန် ပေါင်းလဒ်နှင့် လော်မင်နှင့် သူရခဲ့သည့် အလောင်းပေါင်းလဒ် ဆိုလျှင် ပြိုင်ပွဲက ညီတူမျှတူ ဖြစ်သွားလိမ့်မည်။ နှစ်ဖက်စလုံး၏ ကမ်းလှမ်းချက်များက ပမာဏ တူနေ၍ပင်။ ပြီးတော့ စုန့်ချန်ကလည်း လော်မင်ကို 'သံခြေထောက်'လို့ ခေါ်တာ ဆိုတော့ လော်မင်က ခြေထောက်မရှိတဲ့သူပေါ့...။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now