“မင်္ဂလာပါ၊S&Dရဲ့ Chief Executive Officer ဂျီမင်းပတ်ပါ”
“ဟုတ်ကဲ့၊ကျွန်မက Hanki Clinicရဲ့ Chief Officer Pearlပါ။CEOကြီးနဲ့ လူချင်းတွေ့ရမယ်ဆိုတော့ နည်းနည်းစိတ်လှုပ်ရှားမိတယ်နော”
“ကြည့်ရတာ ဆေးလောကထဲအထိ ကျွန်တော် အတော်လေး နာမည်ကြီးတယ်နဲ့တူတယ်။အတော်များများက ကျွန်တော့်ကို ဇီဇာကြောင်တယ် သတ်မှတ်ကြတာလေ”
“မဟုတ်တာ မစ္စတာပတ်၊ကျွန်မတို့ဘက်ကတော့ စေ့စပ်တိကျတယ်၊စည်းကမ်းကြီးတယ်လို့ပဲ သတင်းကြားရပါတယ်နော်။အတူလက်တွဲပေးမယ်ဆိုတော့ မတော်တဆများ ကျွန်မတို့ဘက်ကနေ လိုအပ်ချက်တွေရှိလာခဲ့ရင် မစ္စတာပတ်အတွက် အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တာပါ၊ဒီမှာပါ။ကျွန်မတို့Centerရဲ့ Portfolioတွေပါ၊တစ်ချက်ကြည့်ပေးပါအုံး။”
“ဒီဘက်မှာကျ တစ်နှစ်တာစီမံကိန်းနဲ့ဇယားတွေပါ။ပြင်ဆင်စရာ၊ဖြည့်စွက်စရာ၊စိတ်တိုင်းမကျစရာတွေများရှိရင် Mailကနေထက် လူကိုယ်တိုင် အကျေအလည် ညှိနှိုင်းကြတာ ပိုထိရောက်မယ်ထင်ပါတယ်။စိတ်တိုင်းကျ စစ်ကြည့်ပါနော”
“ကောင်းပါပြီ။ဒီလိုဆို အချိန်လေးခဏလောက် ကျွန်တော်ယူမယ်နော်”
“ဟုတ်ကဲ့၊လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါရှင်”
စာရွက်စာတမ်းအပြည့်အစုံနှင့် အခြားလိုအပ်သော စလစ်များ ကျွန်တော့်ရှေ့တွင် ထားခဲ့ပြီး Chief Officerအမျိုးသမီးက သူ၏ ရုံးခန်းမှ ထထွက်သွားသည်။သူ့အတွက် လိုအပ်သော ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များ ရှိနိုင်မရှိနိုင် တစ်ပါတည်း ပူးတွဲစစ်ဆေးပြီး တစ်နှစ်တာစီမံကိန်းများ၊အကျိုးအမြတ်ရရှိနိုင်မှုပမာဏနှင့် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် CEO၏တွေးခေါ်မြော်မြင်သုံးသပ်နိုင်မှု၊မိမိအသက်မွေး၀မ်းကြောင်းဆိုင်ရာအလုပ်တွင် အလုပ်သဘောမဟုတ်ပါဘဲ စိတ်ရောကိုယ်ပါ ပါ၀င်နစ်မြုပ်နိုင်စွမ်း၊စေ့စပ်တိကျမှုတို့ကိုပါ အသေးစိတ် သုံးသပ်ကြည့်ရသည်။မှတ်တမ်းများအရတော့ ထိုအမျိုးသမီးဟာ ၀ါရင့်အထူးကုပါပဲ။ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင်မြင်ထားသည်ဟူ၍ ၎င်းperformလုပ်ခဲ့သည့် operationတိုင်းက ပြသနေခဲ့ပြီးသည်လည်း မှန်ပါ၏။သို့တိုင် စေတနာနှင့်လူနာ့အကျိုးကို မျှော်ကိုးသော သမားကောင်းတစ်ယောက်မှ မဟုတ်လျှင် ထိုသို့သော လူတော်မျိုးနှင့် စီးပွားရေးတွဲလုပ်ဖို့ မိမိအတွက် ဘယ်လိုမှ အဆင်မပြေနိုင်။ကျွန်တော်က ပြတ်သည်။မလုပ်လျှင်လည်း အဆုံးထိ ဘူးခံငြင်းပယ်မည့် ကောင်စားဖြစ်သလို လက်တွဲမည်ဟု ဆုံးဖြတ်ထားပါကလည်း နှစ်ဦးနှစ်ဘက် Win-Winဖြစ်စေမည့် အခြေတစ်ရပ်ရှိမှ ရွေးသည်။ကိုယ့်ပါတနာစီးပွားဘက်တင်မက ယင်းပါတနာ၏လုပ်ငန်းကို အထောက်အပံ့ပေးသော ကာစတန်မာဆိုသည့် တစ်ဖက်က ပုဂ္ဂိုလ်များအတွက်ပါ တစ်လက်စတည်း ထည့်စဥ်းစားတွေးသည်။စီးပွားရေးနှင့်ပတ်သက်ပြီး အခြားလုပ်ငန်းရှင်များ မည်သို့ခံယူထားသည်ဖြစ်ပါစေ ကျွန်တော့အဖို့မူကား ကျွန်တော့်တွဲဖက်ပါတနာသည် ကျင့်၀တ်ရှိရမည်၊ရိုးသားပွင့်လင်းရမည်ဟူသော နှစ်ချက်ကိုတော့ လက်ကိုင်ထားပြီး ရွေးချယ်တတ်သူ ကျွန်တော်ဖြစ်၏။
