Beyond Hatred : 28

186 24 3
                                    

မနက်အိပ်ရာနိုးတော့ လူက အတော်အတန် လန်းဆန်းနေခဲ့သည်။လက်ခုံတွင် ဆေးပလာစတာတစ်ခု ကပ်ထားရသည်မှလွဲ၍ တစ်နေ့ညက ကြုံခဲ့ရသော အဖြစ်အပျက်များသည်ပင် အိပ်မက်တစ်ခုယောင်ယောင်။ကိုယ်ခန္ဓာတွင် နာကျင်ကိုက်ခဲခြင်းလည်း မရှိ၊ဝေဒနာအားလုံး မျက်လှည့်ပဉ္စလက်ပညာဖြင့် လှည့်စားဖျောက်ဖျက်ပစ်လိုက်သကဲ့သို့ ခန္ဓာအိမ်ကြီးတစ်ခုလုံး ပေါ့ပါးလန်းဆန်းနေခဲ့ပါ၏။

“ပါပါး နေရအဆင်ပြေတယ် မဟုတ်လားဟင်”

“ပါပါး တစ်နေ့ညက တအားဖျားပြီး ကယောင်ကတမ်းဖြစ်တော့ရယ်လေ၊ဒယ်ဒီ တအားပြာတာ၊ခြေမကိုင်မိလက်မကိုင်မိတွေ ဖြစ်တာများ သားဖြင့် ဒယ်ဒီ့ကိုယ်ထဲ တခြား၀ိညာဥ်၀င်စီးနေသလား မှတ်တာဆို”

“မနေ့ညကတစ်ညလုံး ပါပါးကို ဒယ်ဒီ စောင့်ပေးနေခဲ့တာ၊ရေအေး၀တ်လည်း တင်ပေးတယ်၊မျက်ခုံးတစ်ချက်ကြုတ်တာကအစ သတိထားမိပြီး ပြာယာခတ်တာဆိုတာ ခလုတ်တွေလည်း တိုက်လိုတိုက်၊မနက်ပိုင်းမှ ပါပါးဘေးမှာ ပါပါးလက်ခုံကို မလွှတ်တမ်းဆုပ်ပြီး အိပ်ပျော်သွားတာပါ”

ကိုယ် မျက်စိနှစ်လုံးဖွင့်ချိန် ခပ်ကြပ်ကြပ်နှင့် နွေးလုံလုံ လက်တစ်စုံ၏ အပွေ့ကို သတိထားမိပါ၏။သူက ကိုယ့်လက်တွေကိုပဲ ဆုပ်ထားပေးတာ မဟုတ်ခြင်းကို သူ့ကိုယ်လုံးနှင့်သူ့ရင်အုပ်ကြီး အနီးကပ်ရှိနေခဲ့သည့် မနက်က အဖြစ်က ဖွင့်ဟရှင်းပြနေသည်။သားမသိလိုက်ခြင်းပဲ ဖြစ်မှာပါ။အတွေးရောက်ဆဲတွင် ပါးပြင်နှစ်ဘက်လုံး ပူဆင်းနွေးလုံသွားပြီး အောက်နှုတ်ခမ်းဆီ မသိမသာ ဖိကိုက်လိုက်မိသည်။အိုး မခံစားကြည့်စမ်းပါနဲ့၊တစ်နေ့ညက ကိုယ့်အပေါ် သရဲဘီလူးတစ်ကောင်လို ကြမ်းရမ်းခဲ့တာ သင်းပါ။

“ပါပါး မီးဖိုချောင်အလုပ်ကို ဘာမှ မလုပ်ရတော့ဘူးနော်၊အပြည့်အ၀ အနားယူရမယ်၊ကြားလား”

“ဟုတ်ကဲ့ ဖေဖေ”

သားတော်မောင်အလိုကျ ခေါင်းညိတ်ပခုံးကြုတ်ပြတော့ သားက နှုတ်ခမ်းစူပြသွားသည်။ဟုတ်တယ်လေ၊မနက်အိပ်ရာနိုးကတည်းက ကိုယ့်အဖို့ မျက်နှာသစ်ရေအသင့်၊သွားတိုက်ဆေး ညှစ်ပြီးသားအသင့်၊အင်္ကျီအ၀တ်အစားအစ အိမ်တွင်းစီးဖိနပ်အဆုံး သားက အသင့်ပြင်ပေးထားသည်။ကိုယ့်မှာ သားမောင်၏ အစိုးရိမ်လွန်ကဲမှုကြောင့် အိပ်ရာထဲ ဗိုင်းဗိုင်းလဲ၍နေသော နာတာရှည်ရောဂါသည်ကြီးနှယ် ဘာဆိုဘာမှ လုပ်ခွင့်မရ။

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now