Beyond Hatred : 41

826 116 29
                                        

“မပူနဲ့ ပါပါး၊မနေ့က ပါပါးရဲ့ မင်္ဂလာဦးညမို့ ပင်ပန်းသွားတဲ့အကြောင်း ကျောင်းအုပ်ကြီးကို သေချာပြောပေးပါ့မယ်”

“ပါပါး ကလေး‌‌လေး၊ကလေး‌လေးက ကလေးစကား မပြောဘဲ လူကြီးလုပ်နေရင် အရိုက်ခံထိတော့မယ်နော်…ကြားလား၊ပီအေနမ် လည်သာအနီကို လက်ထောက်ဆရာမဆီ သေချာလေး အပ်ပေးပါ၊စိတ်ချမယ်နော၊မနက်ဖြန်တော့ သေချာပေါက် ကျောင်းတက်ဖြစ်အောင် တက်ပါ့မယ်လို့ ဆရာမကြီးကို ခွင့်တိုင်ပေးပါအုံး”

“ဟုတ်ကဲ့ အစ်ကိုလေး”

ဒီကနေ့ လူက သွေးအားနည်းသည်လား သွေးပေါင်ချိန်ကျသည်လား မပြောတတ်။ခေါင်းထဲ ရိပ်ရိပ်,ရိပ်ရိပ်နှင့် နေရာမှာပင် ကြာကြာမတ်မတ်မရပ်နိုင်သဖြင့် ကျောင်းမသွားဖြစ်ဘဲ ခွင့်ကို သားနှင့်ပီအေအကူအညီယူ၍ ကျောင်းအုပ်ကြီးထံ တင်ရသည်။သားတို့ကားအဖြူလေး ဝန်းထဲက ထွက်သည်ကို စောင့်ကြည့်ပြီးလျှင် ကိုယ်က ဆင်ဝင်အောက်မှဖြတ်၍ သူရှိနေရာ စံအိမ့်အပေါ်ထပ်သို့ တက်ခဲ့လိုက်သည်။အစည်းအဝေးရှိသည်ဟုဆိုကာ ပီစီတစ်လုံးနှင့် ပြင်ဆင်နေပြီး အခုထိ သူ အခန်းထဲက အခန်းပြင် မထွက်သေး။

“မနက်စာ မြီးရှည်ပြင်ထားတယ်၊အခန်းထဲ ယူခဲ့ရမလား မောင်”

“အင်း၊ဝက်ခေါက်ကြော်နဲ့အကြွပ်ကြော်များများနော ထယ်”

“ဟုတ် မောင် နို့လား၊ နို့ချောကလက်လား၊ဘလက်လား”

“နို့နဲ့ဘလက်ကို သီးသန့်စီ”

“ဟုတ်ပြီ”

မြီးရှည်လာပို့ပေးဖို့ စားဖိုဆောင်ဆီ ဖုန်းခေါ်‌နေစဉ် ခါးမှ အဖက်ခံလိုက်ရ၍ နှုတ်ခမ်းကိုက်မိသွား၏။ပခုံးပေါ် မေးမှီတင်၍ သူက ကိုယ်အနေမတတ်သည်ကို သတိပြုမိတော့ နှုတ်ခမ်းစေ့ရယ်ကာ နှာသီးထိပ်ဖြင့် လည်တိုင်ကို တရှုပ်ရှုပ် ဖိနမ်းနေပြန်သောကြောင့် ယားကျိကျိနှင့် လိမ်တွန့်နေရ၏။

“မြီးရှည် အွန်း မြီးရှည်ကို ဝက်ခေါက် အင်း..အဟင်း..ဝက်‌ခေါက်နဲ့အကြွပ်ကြော် ဖြူးပေး… ကျစ် ငြိမ်ငြိမ်နေစမ်းပါ”

ဖုန်းspeakerခွက်က လက်ထဲ တင်းတင်းကိုင်ထားသော်ငြား အနောက်မှ ပွတ်သပ်တိုးခွေ့နေသော လူတစ်ပိုင်း ခွေးတစ်ပိုင်းကြီးကြောင့် လူက ဟိုယိမ်းဒီရှောင်ဖြင့် စကားက ရှေ့မတက်နိုင် စိတ်တိုလာရ၏။

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now