Beyond Hatred : 39

432 118 27
                                        

ဒေါ်လေးဆိုသော ခပ်လှလှ ထိုအမျိုးသမီးက ဂျွန်ယောင်းသူငယ်ချင်းများ၏ အားကိုးဖြင့် ဂျွန်ယောင်းကို စားသောက်ဆိုင်အပါခေါ်သည်။တစ်နာရီတည်းပါဟု ခခယယဆိုနေတော့ သူငယ်ချင်းတွေက ပို၍ဘေးတီးကြတော့၏။ဒယ်ဒီ့ကိုအကြောင်းပြပြီး ဂျွန်ယောင်းကို ငကြောက်ကလေးဟု ဝိုင်းသမုတ်ကြတော့ ဂျွန်ယောင်း ဘယ်ခံချင်ပါ့မလဲ။ဒီအတိုင်း ဂျွန်ယောင်းက ငကြောက်ကလေးမဟုတ်ပါဘဲ ဒယ်ဒီ့စည်းကမ်းကို လေးစားလိုက်နာတာပါ။နောက်ပြီး ဂျွန်ယောင်းက အခုလို ဝိုင်းဖွဲ့စားသောက် ဟေးလားဝါးလားနေရသည်ကို ကြိုက်တတ်သော ယောက်ျားလေးများထဲတွင်မပါ။တစ်ဦးတည်းဘာသာ ဂျောင်တစ်ချောင်တွင်ကပ်ပြီး ငြိမ်နေရသည်ကို သဘောကျတတ်သော introvertကလေးမို့ ဆူညံပွက်လောရိုက် အပျော်အလွန်ကြိုက်တတ်သော အပေါင်းအသင်းများနှင့် ကြာကြာနေရလျှင် Energyကျချင်သည်။စိတ်မပျော်တော့။လိုအပ်လျှင်သာ လွတ်လပ်ခွင့်ကို ဒယ်ဒီ့ထံတောင်းတတ်သော်ငြား ဂျွန်ယောင်းအဖို့ ဒယ်ဒီသတ်မှတ်ပေးထားသော စည်းကမ်းများက သူ့နေရာနှင့်သူ အံဝင်ပါ၏။ယခုမူ နေသားကျနေသော ဂျွန်ယောင်း၏ ပုံမှန်အိမ်ပြန်ချိန်ထဲမှ ထိုဒေါ်လေးဆိုသူက အတင်းအကြပ် စားသောက်ဆိုင်သို့ဆွဲခေါ်သွားသည့်အခါ မရင်းနှီးသော သူစိမ်းအငွေ့အသက်များကြား ဆူဆူညံညံ အသံများဖြင့် ခေါင်းနောက်ချင်လာသည်။အများစုက ဆိုရှယ်ကျကျနှင့် ပျော်တတ်ပါးတတ်ကြသူများမို့ ဟိုစားပွဲဝိုင်းကူး သည်စားပွဲဝိုင်းကူးနှင့် ဟေးဟေးဝါးဝါး အော်ဟစ်နေကြသော်ငြား ဂျွန်ယောင်းကမူ ဘွားအေကြီးဟု ဒေါ်လေးဆိုသူ မိတ်ဆက်ပေးထားသော အမျိုးသမီးကြီးအနားတွင် စပရိုက်တစ်ဘူး ကြက်ကြော်တစ်ပွဲဖြင့် ယောင်ယောင်နနထိုင်နေရ၏။စည်သူအပါ မိမိသူငယ်ချင်းများအားလုံးကလည်း ဘီယာဂျားကိုယ်စီဖြင့် မူးကွဲအော်ဟစ်နေကြတော့ အူအရိုင်းလေး ဂျွန်ယောင်းအဖို့ မျက်စိသူငယ် ဖြစ်နေပါတော့၏။

“သားက မသောက်တတ်ဘူးလား”

“ဟုတ်ကဲ့”

“မင်းနှယ် ယောက်ျားလေးဖြစ်ပြီး ခေတ်နောက်ကျလိုက်တာကွာ။တီတီ‌လေးဆို ကြွက်တွင်းကွ။ငါးဂျားလောက်တော့ အသာလေးပဲ”

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now