Beyond Hatred : 31

520 121 9
                                        

“ဒါက လတ်တလောမှာ ကင်မ်ထယ်ယောင်းစာပြနေတဲ့ ကိုယ်ပိုင်ကျောင်းပါ မမလေး”

“အိုခေ၊ဒီတစ်ခုကရော”

“ဒါက သားဖြစ်သူ လက်ရှိတက်နေတဲ့ကျောင်းပါ”

“ဘာရယ်”

“အဖေရော၊သားပါ တစ်ကျောင်းတည်းတူတူရှိနေကြသလား ဟုတ်လား”

“ဟုတ်ကဲ့ မမလေး၊စုံစမ်းကြည့်ရသလောက်တော့ CEOပတ်ရဲ့ပယောဂကြောင့် ကလေးနဲ့လွတ်လွတ်လပ်လပ် တွေ့ခွင့်မရမှာစိုးပြီး ကျောင်း၀င်ခွင့်ကို အမည်လွှဲနဲ့ လျှောက်ထားခဲ့ပုံပါပဲ”

ဖြစ်နိုင်ပါတယ်လေ။ကွဲပြီကွာပြီဆိုပြီး သတင်းထွက်ခဲ့စဥ်အချိန်က မိမိအစ်ကိုဖြစ်သူခမျာ တစ်ပတ်လောက်တော့ ကင်မ်ထယ်ယောင်းအိမ်ရှေ့ သွားပြီး အရူးတစ်ယောက်လို ငိုဟယ်ရယ်ဟယ် ရှိခဲ့သေးသည်။ပြတ်နိုင်တာလည်း မဟုတ်ပါဘဲ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ပြီး မင်္ဂလာသတင်းကြားရမှ အရူးတစ်ပိုင်းတဲ့လေ။တစ်ဖက်က ခါးခါးသီးသီး ငြင်းလွှတ်တော့မှ ရှိစုမဲ့စု မာနကလေး ပြန်ထောင်လာပြီး ခါးရတူးရကောင်းမှန်း သိခဲ့တာများ သူ(မ)အဖို့တော့ မဆီမဆိုင်သူမို့ ရယ်စရာ ဟားစရာ တစ်ခုအနေနှင့်သာ ရှိခဲ့တာပါ။တီတီလေး၏ အကွက်ချစီစဥ်မှုတွေ ပိရိသေသပ်ခဲ့တော့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် မုန်းတီးခါးသီးပြတ်တောက်သွားကြပြီး ဘေးကကြည့်ရသူ သူ(မ)အဖို့တော့ အားရစရာ ပြကွက်တစ်ခုသာသာ ဖြစ်ခဲ့တာပေါ့။ဘယ်လိုပဲနေနေ ကင်မ်ထယ်ယောင်းတစ်ယောက် နာလန်မထူနိုင်အောင် အလဲလဲအကွဲကွဲဖြစ်ရပြီဆိုကတည်းက သူ(မ)အဖို့ ခြေလှမ်းတွေ တစ်ကွက်မက အသာကြောရခဲ့သည်လေ။ထိုးကျသွားသော သင်းနာမည်တစ်လုံးကို နင်းခြေပစ်ပြီး ရုပ်ရှင်လောကမှာ နှစ်အနည်းငယ်ကြာအောင် သူ(မ)ခေါင်းမော့ရပ်တည်ခဲ့သည်။သတင်းတွေထွက်မလိုဖြစ်မှ ကျန်းမာရေးအကြောင်းပြ နိုင်ငံခြားသို့ လစ်ထွက်လာခဲ့ရသည်မဟုတ်ပါလား။ဟော ဟိုရောက်တော့ တီလေး၏ ကြိုတင်စီမံအကွက်ချမှုကြီးဖြင့် လုပ်စရာလုပ်ငန်းအသင့်၊ရေကန်အသင့်၊ကြာအသင့်။နှစ်အနည်းငယ်လောက်ရှိသည့်အခါမှ တီလေးတစ်ယောက် ယောကျ်ားငယ်ငယ်လေးနောက် ကောက်ကောက်ပါအောင် လိုက်သွားပြီး အစအနပျောက်ခဲ့တော့တာ။ဟော ဆယ်နှစ်ကျော်ကြာပြီး ပြန်ဆက်သွယ်လာခဲ့တော့ ချစ်လှစွာသော မိမိတီလေးက စိတ်ရောဂါကု ဆေးရုံမှာတဲ့။

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now