🩺Dear uncle doctor (အပိုင်း-၆)🩺

249 11 0
                                    

ရှရှ ၁၄နှစ်ကတည်းက ဆရာဝန်ဦးဦးနဲ့ဘယ်လိုပြန်တွေ့မလဲဆိုတာကိုအမြဲစဉ်းစားနေခဲ့သည်
၁၅နှစ်အရွယ်မှာ သူကျင်အန်းရဲ့အကောင်းဆုံးအထက်တန်းကျောင်းကိုတက်နိုင်ခဲ့တယ်ဆိုတာကိုပြောပြချင်ခဲ့သည်
၁၆နှစ်အရွယ်မှာ သူတကသိုလ်ရွေးချယ်တဲ့အချိန် ဆရာဝန်လိုင်းမမှီတဲ့အတွက် စာပေပညာရပ်ကိုပဲရွေးချယ်နိုင်ခဲ့ကြောင်းပြောပြချင်ခဲ့သည်
၁၇နှစ်အရွယ်မှာ သူငယ်ချင်းရခဲ့ပီး သူတယောက်တည်းမဟုတ်တော့ကြောင်းကိုလည်းပြောပြချင်ခဲ့သည်
၁၈နှစ်အရွယ်ရောက်တော့ ဘာမှမပြောပြချင်တော့ပဲ ဒီတိုင်းတိတ်တိတ်လေးပဲ အင်တာနက်ကနေ သူတင်ထားတဲ့စာတမ်းလေးတွေရှာပီးတော့ပဲဖတ်ဖစ်တော့လေသည်
သူက သူမမရှိတဲ့နေရာမှာ အောင်မြင်နေပီး သူမကတော့ သူကိုတိတ်တိတ်လေးပဲ အနောက်ကနေအားပေးနေခဲ့သည်
ပြောရမယ်ဆိုရင်အခုလည်းအဲ့လိုပဲ ခုသူဘေးမှာရပ်နေပေမယ့် သူမဘယ်သူလဲဆိုတာမပြောရဲပေ ဘယ်သူကရောမှတ်မိမှာလဲ လွန်ခဲ့တဲ့၁၄နှစ်က စကားတောင်ရဲရဲမပြောရဲတဲ့ကလေးမလေးကို ပီးတော့ ဒီ၉နှစ်အတွင်းမှာ သူကုခဲ့တဲ့လူနာတွေအများကြီးထဲမှာမှ သူမကိုမှတ်မိဖို့ဆိုတာဘယ်လိုမှမဖစ်နိုင်ခဲ့ပေ

ရှရှ လုရန်ကို လိုအပ်တာတွေအကုန်လိုက်လုပ်ပေးပီး သူရဲ့နာမည်ကဒ်ကိုပေးလိုက်သည်...

"ဒီမှာ ရှင့်ရဲ့နာမည်ကဒ် မျက်စိဌာနက ဘယ်နားမှာလဲသိတော့ လိုက်မပို့တော့ဘူးနော်"

လုရန် နာမည်ကဒ်ကိုယူလိုက်တဲ့အချိန်မှာ လက်ချောင်းချင်းထိမိသွားလေသည်....
လုရန် ခေါင်းငြိမ့်ပြလိုက်ပီး....
"အင်း"
ရှရှ သူလက်ကိုပြန်သိမ်းလိုက်ပီးနောက်...
"ဒါဆို သွားတော့မယ်နော် လုဆရာဝန်"
ရှရှ တယောက်တည်း သူ့ရဲ့ရုံးခန်းဆီကိုပြန်သွားတော့သည်...

လုရန် ချက်ချင်း သူရဲ့uniform ကိုဝတ်လိုက်ပီး နာမည်ကဒ်ကိူ ရင်ဘတ်နေရာမှာချိတ်ကာ မျက်စိဌာနကိုသွားလေသည်...

မျက်စိဌာနကလူတွေက လုရန်နဲ့မစိမ်းပေ
လုရန်လည်းရောက်လာရောအားလုံးက ဝမ်းသာအားရနဲ့ကြိုဆိုကြလေသည်...
အထူးသဖြင့် ရန်ကျွင်းဟောက်ဖစ်လေသည်...

Dear uncle doctor🩺Where stories live. Discover now