🩺Dear uncle doctor(အပိုင်း-၃၈)🩺

136 5 0
                                    

ရန်ရှောင်မှီ ရေသွားခပ်ပီး ပြန်လာတော့ ရှရှ ဘေးနားကနေဖြတ်သွားရာက ရှရှ ကွန်ပျူတာမှာ နာရီ ပုံစံအမျိုးမျိုးကိုကြည့်နေတာတွေ့တာကြောင့် စပ်စုချင်တာနဲ့ အနားတိုးသွားပီး အသံတိုးတိုးဖြင့်...
"ဘာတွေကြည့်နေတာလဲ"

နေ့လည်နားချိန် ပီးဖို့၁၀မိနစ်လိုသေးတာကြောင့် ရှရှ လုရန်အတွက် နာရီကြည့်နေတုန်း ရန်ရှောင်မှီ အသံကြားတာကြောင့် ကြည့်နေတာကို ပိတ်လိုက်ကာ
"ဘာမှမဟုတ်ပါဘူး ဒီတိုင်းပျင်းလို့ ကြည့်ကြည့်တာ"

"ယောကျ်ားလေးနာရီကို ပျင်းလို့ကြည့်တာလား ဘာလဲ ကောင်လေးအတွက်လား"

ရှရှနဲ့ လုရန်တွဲနေတာကို publicမချထားတာကြောင့် သိတဲ့သူသိပ်မရှိပေ

သူမနဲ့ လုရန် ဆေးရုံမှာသတင်းတွေထွက်ခဲ့ပေမယ့်လည်း ၂ရက်လောက်နဲ့ငြိမ်သွားခဲ့သည်

ရှရှတို့ ဌာနက စပ်စုတဲ့သူများတာကြောင့် အုပ်စုဖွဲ့ပီး အတင်းတုတိကြပေမယ့် ရှရှ စိတ်မဝင်စားတာကြောင့် ဝင်မပါခဲ့ချေ

အဲ့လိုနဲ့ကြာလာတော့ ဌာနမှာ သူမတယောက်တည်း သီးသန့်အနေနဲ့ ဖစ်နေတာကြောင့် တကူးတက သွားပီး သူမနဲ့ ဘယ်သူတွဲနေပါတယ်ဆိုပီးလည်း မပြောခဲ့ချေ

ရန်ရှောင်မီ ရှရှကိုဆက်မမေးတော့ဘဲ တခြားအကြောင်းအရာတခုကိုပြောဖို့ပြင်လိုက်သည်

"ငါနေ့လည်က ဆေးရုံရှေ့က ကုန်တိုက်ထဲမှာ ထမင်းသွားစားတော့ ဘယ်သူကိုတွေ့ခဲ့တယ်ထင်လဲ"

"ဆေးရုံက ဘယ်ဆရာဝန်ချောချောကိုတွေ့ခဲ့တာလဲ"

ရှရှ ရန်ရှောင်မီ အကြောင်းကိုသိတာကြောင့် စနောက်စွာဖြင့် ပြန်မေးလိုက်သည်

"မျက်စိဌာနက လုဆရာဝန်လေ သူကောင်မလေးနဲ့တွေ့ခဲ့တယ်"

ရှရှ ရန်ရှောင်မီပြောတာကိုကြားလိုက်တော့ သောက်နေတဲ့ရေတောင်သီးသွားတော့သည်

💭*ဘယ်သူက ဘယ်သူ့ကောင်မလေးလဲ
လုရန် ကောင်မလေးက ဒီမှာထိုင်နေတာမဟုတ်ဘူးလား သူပြောတော့ နေ့လည်မီတင်ရှိလို့ သူနဲ့နေ့လည်စာ တူတူမစားနိုင်ဘူးလို့ပြောခဲ့တာမဟုတ်ဘူးလား ဘယ်လိုလုပ် တခြားသူနဲ့ အပြင်ထွက်သွားတာလဲ*

Dear uncle doctor🩺Where stories live. Discover now