🩺Dear uncle doctor (အပိုင်း-၁၁)🩺

194 6 0
                                    

ရှရှ သီချင်းကိုအချိန်တော်တော်ကြာနားထောင်ပီးမှ
"ဒီ သီချင်းက The wandering earthထဲကMOSS အသံမလား"
"အွန်း ဟုတ်တယ် ဟိုမှာရှိတုန်းက ရုပ်ရှင် ရုံတင်တော့ကိုယ်တို့တရုတ်လူမျိုးတွေစုပီး သွားကြည့်ကြသေးတယ်"
နောက်တော့လုရန် ရုပ်ရှင်ထဲကတချို့ကိုအသံသွင်းသထားလိုက်ကာကားမောင်းတဲ့အချိန်နားထောင်ဖစ်သည်
"ရှောင်ရှီးလည်း အဲ့တုန်းက အသံသွင်းထားပီး ဖုန်းringtone လုပ်ထားသေးတယ် သူဖုန်းလာတိုင်း အဲ့အသံကြီးမှီလာတာ ကျွန်မဆို ခဏခဏနားထောင်ရလွန်းလို့အလွတ်တောင်ရနေပီ"ဆိုပီးရီပီးပြောလိုက်သည်
"ရုပ်ရှင်မကြည့်တာတောင် တော်တော်ကိုကြာနေပီ ရုပ်ရှင်တူတူသွားကြည့်ကြမလား"
"လုဆရာဝန် ဘယ်ကားကြည့်ချင်လို့လဲ"
"မင်းကြိုက်တဲ့ကားရွေးလိုက် ကိုယ်ကရတယ် ဂျူတီမရှိတဲ့နေ့သွားကြည့်ကြတာပေါ့"
"ကျွန်မတို့၂ယောက်တည်းလား"
လုရန် ကားကိုကွေ့လိုက်ကာ mapကလမ်းကြောင်းကိုကြည့်လိုက်ပီးမှ...
"အဲ့လိုပြောလို့လည်းရတယ် ဒါမှမဟုတ် မင်းချန်ရှောင်ရှီးကိုခေါ်ချင်ရင်လည်းရတယ် ဒါမဲ့ သူနဲ့ ချင်းရွယ်နဲ့တူတူစုံရင်တော့ကံမကောင်းဖို့ကများတယ် ရုပ်ရှင်အေးဆေးကြည့်ရဖို့က မသေချာဘူး"

ရှရှ ဓာတ်လှေကားထဲဝင်လိုက်ချိန် wechat ကနေ နိုတီတက်လာလေသည်
ဟိုတနေ့က ချင်းရွယ်ဖွဲ့ထားတဲ့ gp ထဲကနေ friအပ်ထားတာဖစ်သည်
နာမည်က အပြည့်အစုံမပါပေ LYနှစ်လုံးတည်းသာ
ရှရှ ဝင်ကြည့်လိုက်တော့ ဘာမှသိပ်မတင်ထားပေ
တင်ထားတာတွေကလည်း တလမှ ၂ခါလောက်ဆေးနဲ့သက်ဆိုင်တဲ့ပို့စ်တွေတင်ထားတာတွေ့ရသည်
လွန်ခဲ့တဲ့၂နှစ်က Mနိုင်ငံရဲ့ညနေပိုင်းရှူခင်းနဲ့ ကောင်းကင်ပုံတွေရိုက်ပီးတင်ထားတာတော့ရှိသည် အဲ့နောက်ပိုင်း ဘာမှမတင်တော့ပေ
ရှရှလက်ခံလိုက်ပီးနောက် စာပို့လာလေသည်
✉️"လုရန်"
ရှရှဖုန်းကိုင်ကာပြုံးလိုက်ရင်း....
✉️"ကျွန်မ သိပါတယ် လုဆရာဝန်"
✉️"လုဆရာဝန် ကျွန်မကို ပြန်လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ် ဂရုစိုက်ပြန်ပါ"ဆိုပီး နောက်တကြောင်းထပ်ပို့လိုက်သည်
ရှရှ အိပ်ခံနီး လိုင်းပေါ်တက်တာ ဘာကားကြည့်ရမလဲရှာလေသည် လုဆရာဝန်လိုလူမျိုးက ဘယ်လိုရုပ်ရှငိမျိုးကြိုက်လဲမသိပေ သူရှာနေတာတော်တော်ကြာနေပေမယ့်ဘာကြည့်ရမလဲမသိတာကြောင့် ရှောင်ရှီးကိုမေးဖို့တာ ဆုံးဖြတ်ပီး wechatထဲဝင်ကာ....
✉️"ရှောင်ရှီး ပိတ်ရက် ရုပ်ရှင်သွားကြည့်ကြမလား"
✉️"နင်ညသန်းခေါင် မအိပ်ဘဲ ငါ့ကိုပိတ်ရက်ရုပ်ရှငိကြည့်မကြည့်မေးတာလား"
ရှရှ ချက်ချင်းပြန်ဖြေလေသည်
✉️"အိပ်မပျော်လို့ ဒီတိုင်းကြည့်နေတာ ရုပ်ရှငိရုံမသွားရတာတော်တ်ောကြာနေပီလေ ကြည့်ချင်လို့ နင်ဘာကြည့်ချင်လဲ"
ရှရှပို့လိုက်ပေမယ့် ရှောင်ရှီး စာမပြန်လာတော့ပေ
ကြည့်ရတာ အရေးပေါ်သွားပီထင်သည်
ချင်းရွယ်ရှိတဲ့ ညဆိုင်းက ဘယ်တော့မှ တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းရတယ်ဆိုတာမရှိပေ

Dear uncle doctor🩺Where stories live. Discover now