🩺Dear uncle doctor(အပိုင်း-၉)🩺

194 7 0
                                    

xxxဆေးရုံမှာ မျက်စိဌာနက အဓိကဌာန တခုဖစ်ပီး စာတမ်းထုတ်ဝေပီးတဲ့ အချိန်မှာဖတ်ရှုတဲ့လူများလာတာ‌ကြောင့် ကျန်းတာဝန်ခံ မနက်အစောကြီးကတည်းက စိတ်အခြေအနေကောင်းကာ ရှရှကိုတွေ့တော့လည်း ချီးကျူးသွား‌လေသည်

ရှီးရှီးကလည်း မက်ဆေ့ပို့လာလေသည်..
"စာတမ်းမှာတွဲတင်ထားတဲ့ပုံက အဓိက focusက လုံးဝ ဖိန်ဆရာဝန်မဟုတ်ဘူးဆို ငါကလွဲရင် ဘယ်သူမှသိမှာမဟုတ်ဘူးမလား"
အဲ့ ပုံမှာက ဖိန်ဆရာဝန်ကို ရိုက်ထားတဲ့ပုံပေါ်ပေမယ့် ဖိန်ဆရာဝန်ဘေးမှာ လုဆရာဝန်ရဲ့ ဘေးတစောင်းပုံပါနေပီး မျက်နှာကိုနေထိုးထားတာကြောင့် ပုံထဲမှာ တောက်ပနေလေသည်

ရှရှ ရှောင်ရှီး ကို ပါးစပ်ပိတ်ထားဆိုတဲ့ စတေကာ ပြန်ပို့လိုက်လေသည်
ဒါမယ့် ရှရှ ရင်ထဲမှာတော့ ရင်တုန်နေလေသည် တခြားလူတွေလည်း ရှောင်ရှီးလိုမျိုး ပုံရဲ့လျို့ဝှက်ချက်ကို သိသွားမှာကို စိုးရိမ်မိလေသည်
ပုံတွေအားလုံးထဲမှာမှ အဲ့ပုံကကြည့်လို့အကောင်းဆုံးပဲလို့ ရှရှထင်သည် ဒါတင်မကသေးပေ
အဲ့ပုံထဲက လုရန်ရဲ့  မျက်နှာဘေးစောင်းပုံကိုလည်း CUTလုပ်ပီးဖုန်းထဲမှာပါသိမ်းထားလေသည်..
ရှရှရဲ့ ဖုန်းထဲမှာက ဓာတ်ပုံသိပ်မရှိပေ ရှုခင်းနဲ့ အစားအသောက်ပုံတချို့တာရှိလေသည်
ဖုန်းဖွင့်တဲ့ အချိန်ကြရင် မတော်တဆ သူများတွေမြင်သွားမှာဆိုးပီး သူမထပ်ပီးတော့ ရှူခင်းကပုံတချို့ ကိုလည်း SAVEလိုက်လေသည်..

ဆေးရုံမှာ အလုပ်လုပ်ရတဲ့နေ့တွေက‌တော့ ပုံမှန်အတိုင်း မနက်၈ ည၅ ကြားထဲမှာ နေ့လည်နားချိန်ရှိသည်
ရှရှတို့ အုပ်ချုပ်ရေးဌာနက တလမှ တကြိမ်၂ကြိမ်လောက်တော့ ပြင်ပလူနာဌာနမှာလူနာတွေအတွက်လိုအပ်တာကူလုပ်ပေးဖို့ အလှည့်ကျသွားရသည်
ရှရှလိုလူသစ်အတွက်ကတော့ သေချာပေါက်သွားပီး ကူလုပ်ပေးရလေသည်
ရှရှ မနက်ကတည်းကနေ ခုချိန်ထိ ဘယ်နှကြိမ်လောက်ကူပီးတိုကင်ယူပေး ပိုက်ဆံရှင်းမယ့်နေရာကိုလိုက်ပို့ပေးလိုက်ရတာ ဘယ်နှကြိမ်တောင်ရှိနေပီလဲမသိတော့ပါ မတ်တပ်ထားတာကြောင့် အသက်တောင်ကောင်းကောင်းမရှုနိုင်တော့ပေ
နှာခေါင်းမှာချွေးပြန်နေလို့ မျက်မှန်ချွတ်ကာ ခဏခဏချွေးသုတ်ရလေသည်
နေ့လည်လောက်ကြတော့ လူတချို့ရောက်လာပီး...
"မျက်စိဌာန ဘယ်လိုသွားရလဲ"ဆိုပီး ရှရှကိုမေးလေသည်
ရှရှ ကြည့်လိုက်တော့ လူ၃ယောက် အသက်ကြီးကြီးနဲ့ မိန်းမတယောက်က ကလေးကိုချီထားပီး ခုမှ မီးတွင်းထွက်သေးပုံမပေါ်သော အမျိုးတမီးတယောက်က တွန်းလှည်းပေါ်ထိုင်နေကာ အမျိုးသားတယောက်ကတွန်းလှည်းတွန်းလာပီ လက်မှာလည်း အထုတ်ကြီးအထုတ်ငယ်ဖြင့်သာ
ရှရှ ဘယ်ဖစ်လာတာလဲဆိုတာ ခန့်မှန်းလို့ရသွားပီး
"ကလေးမွေးပီးတာ ဘယ်နှရက်ရှိပီလဲ တိုကင်ယူပီးပီလား"
"၁၄ရက် တိုကင်ယူပီးသွားပီ"
ရှရှ ကောင်တာဘက်ကိုသွားလိုက်ကာ
"လီအမ ကျွန်မ သူတို့ကို မျက်စိဌာန ကိုခေါ်သွားလိုက်ဦးမယ် ခဏနေပြန်လာခဲ့မယ်"
ရှရှပြောပီးလမ်းမြန်မြန်လျှောက်နေရင်းမှ အနောက်ကိုလှည့်ကြည့်ကာ လူနာတွေပါလိုက်လို့မှီတယ်ဆိုမှ ဖုန်းထုတ်လိုက်ပီး ဒီနေ့ ကလေးမျက်စိဌာနမှာတာဝန်ကျတာဘယ်သူလဲကြည့်လိုက်တော့ လုရန်ဖစ်နေတာကြောင့် ဖုန်းဆက်လိုက်သည်
"လုဆရာဝန် ကျွန်မ ယွမ်ရှပါ ပြင်ပဌာနမှာ မွေးကင်းစကလေးလေးမျက်စိအတွက်‌ရောက်လာလို့ ကျွန်မ လူနာရှင်တွေခေါ်ပီးလာနေပီ" ရှရှပြောနေရင်းမှနောက်ကိုလှည့်လိုက်ကာ
"နာမည် ဘယ်သူလဲ တိုကင်နံပါတ် ဘယ်လောက်လဲ"
အဖေက ရှရှကို တိုကင်ယူထားတဲ့စာရွက်ကိုပေးလိုက်ကာ ရှရှ နာမည်နဲ့ တိုကင်နံပါတ်ကို ကြည့်ပီးပြောလိုက်လေသည်
ရှရှပြောပီး ဟိုဘက်က ခဏငြိမ်သွားပီးတော့မှ ခုံမှထလိုက်သည့်အသံကိုကြားလိုက်ရသည်
"သိပီ ဒီဘက်မှာ တိုကင်ခေါ်တာကိုခဏ ရပ်ထားလိုက်မယ် လူနာခေါ်ပီးချက်ချင်းတန်းဝင်လာခဲ့"
"ဟူတ် ကျေးဇူးပဲ"
ရှရှ ကောင်တာရှေ့‌ရောက်မှ အသက်ဝဝရှုလိုက်ကာ..
"မဂလာပါ မွေးကင်းစကလေးမျက်စိပြမလို့ "
ဟော်အမ ခုနက လုရန်ဆီကဖုန်းရထားတဲ့အတွက်ကြောင့်ဘာမှမပြောတော့ပဲ နောက်ကလူတွေကိုကြည့်ကာ..
"ကျွန်မနဲ့ လိုက်ခဲ့ပါ"
အမျိုးသားက သူ့အမျိုးသမီးတွန်းလှည်းကို တွန်းကာလိုက်သွားပီးမှ အနောက်ကိုပြန်လှည့်ကာ ရှရှကို ခေါင်းငုံ့ကာ ကျေးဇူးတင်လိုက်လေသည်
"ကျေးဇူးတင်ပါတယ်"
ရှရှ မျက်ရည်ဝဲကာ...
"ကျေးဇူးတင်ဖို့မလိုပါဘူး မြန်မြန်သွားလိုက်ပါ"
ရှရှ ပြင်ပဌာန ဘက်ကိုပြန်သွားလိုက်ပီး အကျီလဲကာ မတ်ပါအသစ်လဲလိုက်လေသည်
နေ့လည်စာ စားချိန်ရောက်နေပီဖစ်တာကြောင့် လူသိပ်မရှိတော့ပေ
ရှရှ မျက်စိဌာနဆောင်ကို ပြန်သွားလိုက်ကာ ကောင်တာက nurseကို မေးလိုက်လေသည်
"ခုထိ ကြည့်လို့မပီးသေးဘူးလား"
"တခြားဌာနကလူနာတွေအကုန်ပီးသွားပီ လုဆရာဝန်ကတော့ ၅ယောက် ၆ယောက်လောက်ကျန်သေးတယ်
ခုနက မွေးကင်းစကလေး‌ရောက်လာသေးတယ်လေ မွေးကင်းစ‌လေးတွေက ရောဂါဖစ်ရင်မြန်တာကြောင့် သူတို့ရောက်လာရင် ပုံမှန်က အရင်ဦးစားပေးရတယ်"
ပြောနေရင်း ခုနက မွေးကင်းစ ကလေးရဲ့ အဖေက ဆေးစာ တချို့ယူပီးထွက်လာလေသည်

Dear uncle doctor🩺Where stories live. Discover now