🩺Dear uncle doctor(အပိုင်း-၄၅)🩺

61 4 0
                                    

လုရန် သူ့ရဲ့အပေါ်အကျီကိုချွတ်လိုက်ကာ ရှရှပေါ် ဖြေးဖြေးချင်းခြုံပေးလိုက်ပီးနောက် လက်ချောင်းနဲ့ ရှရှရဲ့နှာခေါင်းလေးကိုပွတ်နေရင်းမှ တချက်ပြုံးလိုက်ကာ ရှရှ နှာခေါင်းကို လက်နဲ့နှစ်ကာ နောက်လိုက်တော့ရှရှ အသက်ရူကြပ်လာကာ အသံထွက်လာတော့သည်

"အင်း.."

ရှရှ အိပ်နေပေမယ့် သူမကို လုပ်နေတာလုရန်မှန်းသိတာကြောင့် လုရန်လက်ကို လက်နဲ့ဖယ်လိုက်ကာ မျက်စိမဖွင့်ဘဲနဲ့ ဘေးနားတိုးကာ ကွေးကွေးလေးထပ်အိပ်သွားလေသည်

ရှရှ ချွဲနေတဲ့ပုံစံလေးက ချစ်ဖို့အလွန်ကောင်းတာကြောင့် လုရန် မနေနိုင်ဘဲ နောက်တခါထပ်ညစ်လိုက်တော့ ရှရှ အသံထွက်လာလေသည်

"ကိုကို မနောက်နဲ့လေ ရှရှ အိပ်ချင်သေးတယ် ငြိမ်ငြိမ်နေ"

ညက လုရန် ညဆိုင်းဂျူတီရှိလို့ အိမ်ပြန်မအိပ်တာကြောင့် သူမ ဇာတ်လမ်းတွဲကြည့်လိုက်ကာ မနက်၃နာရီထိုးသွား၍ ခုတော့ အိပ်ရေးမဝခြင်းဖစ်သည်

ရှရှ မျက်လုံးဖွင့်လိုက်တော့ ရင်းနှီးတဲ့မျက်နှာကိုတွေ့လိုက်ရကာ စကားပြောမလို့ ပါးစပ်ဟတုန်းရှိသေးသည် လုရန် ရဲ့နမ်းခြင်းကို ခံလိုက်ရတော့သည်
-
-
-
မနက်မိုးလင်းတော့ campအပြင်ဘက်ကနေ ခြေသံကြားရကာ တဆက်တည်း ချင်းရွယ်ရဲ့အသံကိုကြားရလေတော့သည်

"လုရန် မိုးလင်းနေပီ မထသေးဘူးလား မင်းတို့၂ယောက်ဘာလုပ်နေတာလဲ"

လုရန် သက်ပြင်းတချက်ချလိုက်ပီးနောက်
"ထွက်သွား"

"ဟာ လုရန် မင်းလူမှဟုတ်ရဲ့လား"

ချင်းရွယ် လုရန် နှင်ထုတ်လိုက်မှ campအနားက ပြန်ထွက်သွားလေသည်

ချင်းရွယ်ထွက်သွားတဲ့အသံကြားမှ ရှရှ စောင်အောက်ကထွက်လာကာ
"ကိုကို မြန်မြန်ထတော့"

ခုချိန်ထိထပ်ပီး campထဲကမထွက်သေးရင် ရှရှ ချင်းရွယ်တို့ကို ရှက်လွန်းလို့ မျက်နှာပင်မပြနိုင်တော့ပင်

လုရန် ရှရှကိူ အနွေးထည်ပေးလိုက်ကာ
"ထပ်ပီးဝတ်လိုက် ကိုယ်အပြင်မှာစောင့်နေမယ်"

Dear uncle doctor🩺Where stories live. Discover now