🩺Dear uncle doctor(အပိုင်း-၃၀)🩺

180 7 0
                                    

လုရန် သူဆရာဝန်လုပ်လာတဲ့ ဆယ်နှစ်တာအတော်အတွင်းမှာ လူနာပေါင်းများစွာကိုကုသပေးခဲ့သည်

ခုသူဆေရုံးစထိုင်တဲ့အချိန်တွေဆို တနေ့ကို လူနာအယောက်၁၀၀ကျော် တပတ်၃ရက်ဆို တနှစ်မှာ လူနာပေါင်းသောင်းချီလေသည်

လုရန် လူနာအများစုက ကလေးတွေများတဲ့အပြင် လူနာရှင် အမျိုးမျိုးကိုလည်း သူကြုံတွေခဲ့ရဘူးသည်

ဒါပေမယ့် သူ့ဒီနာမည်ကဒ်ပြားလေးကိုတော့ သူမှတ်မိသည်

လုရန် သူ့လူနာဖစ်ခဲ့ဘူးတဲ့ ကောင်မလေးတယောက်က အမြဲလိုလို ဆေးရုံလာရင် မိဘတွေမပါဘဲတယောက်တည်းဖစ်ကာ မျက်စိခွဲစိတ်ပီးနောက်ပိုင်းမှာ သူမကိူ ကောင်းကောင်းမှောက်အိပ်နေမယ်ဆိုရင် လိုချင်တဲ့လက်ဆောင်ပေးမယ်ဆိုပီး ပြောခဲ့သည်

ဒါပေမယ့်သူမက ဘာမှမလိုချင်ဘဲ သူရဲ့နာမည်ကဒ်ပြားကိုပဲတောင်းခဲ့တာ သတိရသွားလေသည်

ပီးနောက် ချန်ကျယ် ရှေ့တခါကပြောတဲ့ တယောက်လည်းမဟုတ် ၂ယောက်လုံး မျက်စိဌာနလာပီး မှောက်နေရတယ်ဆိုတာကိုပါသတိရသွားတာကြောင့် ရှရှလည်း မျက်ကြည်လွှာခွဲဖူးတာကို ခုမှသတိထားမိတော့သည်

နောက်ပိုင်း ချန်ရှောင်ရှီးပြောခဲ့တဲ့ လုဆရာဝန်က သူမအတွက်တခြားသူတွေနဲ့မတူဘူး လုဆရာဝန်က သူမအတွက် အလင်းရောင်ဆိုတဲ့စကားကိုလည်း သတိရသွားသည်

ပီးတော့ အဲ့တုန်းက ကောင်မလေးကလည်း သူ့ကိုဆရာဝန်ဦးဦးဆိုပီးခေါ်တာကိုပါ သတိရသွားကာ ရှရှနဲ့ အဲ့ကောင်မလေးကိုတွဲပီး မြင်ကြည့်လိုက်ကာ အဲ့တုန်းက ကောင်မလေးက ရှရှမှန်း သိလိုက်တော့သည်

ဒီအရူးမလေးဘာလို့ သူ့ကိုမပြောဘဲ တယောက်တည်း ဒုက္ခခံနေရတာလဲ

သူနဲ့တွဲပီးနောက်ပိုင်းတောင်မှ သူ့ကိုအဲ့အကြောင်းနဲ့ပတ်သက်ပီးတခွန်းမှ မဟခဲ့ပေ

အဲ့ဆိုသူကရော ဘာလို့သူမကို စောစောမမှတ်မိခဲ့ရတာလဲ

"ရှရှ" လုရန် ခုထိရှရှကိုခေါ်နိုးလို့မရတာကြောင့် ဆေးတိုက်ဖို့ကို လက်လျော့လိုက်ကာ ရေချိုးခန်းထဲကိုဝင်ကာ ဇလုံတခုနဲ့ရေနွေးထည့်လိုက်ပီးနောက် တဘက်ကိုယူကာ ရှရှဆီပြန်သွားလိုက်ပီး မျက်နှာနဲ့ လက်တွေကို သုတ်ပေးလိုက်သည်

Dear uncle doctor🩺Where stories live. Discover now