🩺Dear uncle doctor (အပိုင်း-၈)🩺

216 6 0
                                    

လုရန် ဒီကောင်မလေးရဲ့  တုံ့ပြန်မှုကိုကြည့်ပီး အနည်းငယ် အံ့သဩနေမိသည်
ရှရှ နောက်ဆုံးမှ ဓာတ်‌‌လှေကားထဲ ကိုဝင်လိုက်ပီး တံခါးနဲ့ အနီးဆုံးနေရာမှာ ကပ်နေလိုက်သည်

လွယ်ထားတဲ့ အိတ်ကို အရှေ့ကိုပို့ထားလိုက်ပီး လက်နဲ့ပိုက်ထားလိုက်ကာ အလျင်လိုနေသည့်  ပုံစံနှင့်ဓာတ်လှေကားရဲ့ နံပါတ်တွေကိုလိုက်ကြည့်နေလေသည်

ဓာတ်လှေကား ၁၂လွှာရောက်တော့' တင်း'မှီကာ တံခါးပွင့်သွားသည်...
တံခါးပွင့်‌တော့မှ ရှရှ အရင်မြန်မြန်ထွက်လိုက်ပီး သက်ပြင်းတချက်ချလိုက်မိသည်

လုရန် မြင်ပီး အံ့သဩသွားရတော့သည် အဲ့လောက် စိတ်လှုပ်ရှားဖို့ကောင်းလို့လား...

လုရန် အရင် မျက်နှာချင်းဆိုင်က သူ့အိမ်ကို အရင်သွားလိုက်ပီး သက်တောင့်သက်တာရှိမယ့် အကျီတထည် လဲလိုက်ပီးမှ ဝိုင် တပုလင်းယူပီး မျက်နှာချင်းဆိုင်က ချင်းရွှယ်အိမ်သွားလိုက်သည်
‌အိမ်ထဲဝင်လိုက်တော့ စားပွဲပေါ်မှာ ဟင်းရည်အိုးတင်ထားပီး အငွေ့တလူလူပျံနေတာတွေ့ရသည်

မီးဖိုချောင်ကိုသွားလိုက်တော့ ရှရှတယောက်တည်းရှိနေတာကိုမြင်လိုက်ကာ...
"သူတို့‌ရော"
ရှရှ လုရန်အသံကြားတော့လှည့်ကြည့်လိုက်ကာ လှီးနေရင်းလုရန်ကို ပြန်ဖြေလိုက်သည်
"ရှီးရှီးက အိမ်အောက်ရောက်နေပီပြောတယ် ချန်ဆရာဝန်က မေးပို့ပီးထွက်လာခဲ့မယ်တဲ့ ချင်းရွယ်ဆရာဝန်ကတော့ အခုထိမထွက်လာသေးဘူး ကြည့်ရတာမနိုးသေးဘူးထင်တယ်"

"ငါတို့ကိုကြတော့ ဟော့ပေါ့စားဖို့ခေါ်ပီးသူကြတော့ အိပ်နေတယ်"
လုရန် မျက်ခုံးကြုတ်လိုက်ကာ ချင်းရွယ် အခန်းရှေ့ကိုသွား၍ တံခါးခေါက်လိုက်သည်
"ချင်းရွယ် ငါတို့ကိုဟော့ပေါ့စားဖို့ခေါ်ထားပီး မင်းစားခံနီးမှ ထပီး လာစားမှာလား ခုထလာခဲ့"
အထဲကနေပီးတော့ ချင်းရွယ်ရဲ့ထလာပီဆိုပီး ပြောတဲ့အသံကိုကြားလိုက်မှ လုရန် မီးဖိုချောင်ကိုသွားလိုက်ပီး အကျီလက်ကိုခေါက်ကာ
"ဘာကူပေးရမလဲ"
ရှရှ လက်ဆေးစင်ဘက်ကို တိုးလိုက်ပီး လုရန် အတွက်နေရာပေးလိုက်သည်
"ဒါဆို လုဆရာဝန် ဟင်းရွက်လှီးပေးပါ ဆရာဝန်တွေက ဓားကိုင်တာ တော်တယ်ဆိုတော့ ကျွန်မလှီးတာထက်ပိုကောင်းလောက်တယ်"

Dear uncle doctor🩺Where stories live. Discover now