*264* သူရောက်လာပြီ

1.6K 359 19
                                    

ဖုမိသားစုခေါင်းဆောင်က ရင်းနှီးဖော်ရွေသူတစ်ယောက်ဖြစ်လေသည်။ ရုန်သခင်ကြီးနဲ့သူ့မိသားစုတွေကိုတွေ့တာနဲ့ သူ့ရဲ့အထူးဧည့်သည်တော်တွေလိုမျိုး ချက်ချင်းလာရောက်နှုတ်ဆက်လေသည်။ ထို့နောက် သူ့လူတွေကို သူတို့ကိုကောင်းကောင်းဂရုစိုက်ရန် ပြောလိုက်၏။ 

ရုန်သခင်ကြီးနဲ့ကျန်သူတွေမှာ အနည်းငယ်ဂုဏ်ယူမိချင်သွားရသည်။ မိသားစုခေါင်းဆောင်က ဒီလောက်ထိသဘောကောင်းပြီး မာနမကြီးသူဖြစ်လိမ့်မယ်ဟု သူတို့ထင်မထားမိခဲ့ကြ။

ဆုတွေဘာတွေတောင်းပေးပြီးနောက်မှာတော့ သူတို့တွေ သက်သက်စီခွဲကာ ခြံဝန်းထဲပတ်ကြည့်ပြီး ယင်ကျင်းရဲ့နဲ့တူတဲ့သူကို ရှာကြည့်လိုက်ကြသည်။

ကံမကောင်းစွာနဲ့ဘဲ ဘယ်သူမှ ထိုရင်းနှီးတဲ့ပုံရိပ်ကို ရှာမတွေ့ကြ။

ရုန်ချီ ရုန်ယိဘေးနားပြန်လာကာ မေးလိုက်သည်။

"ရှောင်ယိ.. မင်းချစ်သူကိုရှာတွေ့ပြီလား"

ရုန်ယိခေါင်းခါပြလိုက်သည်။

"ဟင့်အင်း"

ရှန်ပိန်တစ်ငုံသောက်ရင်း ချီလန်ကပြောလာလေသည်။

"အဲ့လူက မွေးနေ့ပွဲမလာတာဖြစ်မယ်"

ရုန်ကျင်း - "သူသာ တစ်ကယ်ဘဲ ဖုမိသားစုဝင်ဆိုရင် ဒီလိုအရေးကြီးပွဲမျိုးကို မတက်လို့မရဘူး"

"ဟုတ်တယ်"

ရုန်ချီက ရုန်ယိကိုနှစ်သိမ့်ပေးလိုက်သည်။

"ရှောင်ယိ.. သူ သေချာပေါက် ရောက်လာမှာပါ"

ချီလန် - "သူရောက်လာရင်တောင်မှဘဲ.. ကျင်းရဲ့မဟုတ်တာလည်း ဖြစ်နိုင်တယ်"

ရုန်ကျင်းက ဘာမှမပြောတော့ဘဲ သူ့ကိုသာ တစ်ချက်လှမ်းကြည့်လိုက်သည်။

"ဟေး.. အဲ့တာ ရုန်ချီမလား"

လူနှစ်ယောက်က သူတို့ဘက်လျှောက်လာကြ၏။ ပုပုနဲ့လူကပြောလာသည်။

"ရုန်မိသားစုက ဒုတိယသခင်လေးလည်း ဖုမိသားစုခေါင်းဆောင်ရဲ့မွေးနေ့ပွဲ လာတက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now