*260* ခေတ်သစ်ကိုပြန်ရောက်သွားပြီ

3.6K 524 25
                                    


ယင်ဟော့ယောင်နဲ့သူ့လူတွေ အက်ကြောင်းထဲ ပျံဝင်သွားတာတွေ့လိုက်ရတဲ့အခါ ရုန်ယိ သူ့ဓားကိုကိုင်ဆွဲရင်း ချက်ချင်းလိုက်ဝင်သွား၏။

ပိုင်ယွမ်ချန်လည်း သူ့ဝတ်ရုံကို ဆုပ်ကိုင်ထားရင်း လိုက်သွားလိုက်သည်။

ယင်ကျင်းရဲ့ ချီလန်နဲ့ ကျန်တဲ့သူတွေလည်းဘဲ ကောင်းကင်ထက်သို့ ပျံတက်လာကြလေသည်။

လူတွေ သူ့ကမ္ဘာထဲ ဝင်ရောက်ဖို့ကြိုးစားနေတာတွေ့တဲ့အခါ နဂါးကြီးက နောက်တစ်ကြိမ် ဟိန်းဟောက်လျက် သူတို့ဆီ မိုးကြိုးတွေမှုတ်ထုတ်ကာ တိုက်ခိုက်လာ၏။

မိုးကြိုးတွေရဲ့ အဆုံးမရှိတဲ့စွမ်းအားက သူတို့ရဲ့နောက်ဆုံးမိုးကြိုးစမ်းသပ်မှုထက်တောင် ပိုကြောက်ဖို့ကောင်းဦးမည့်စွမ်းအားကို သတိပြုမိလိုက်တာကြောင့် သူတို့တွေ အမြန်ရှောင်ရှားလိုက်ကြပြီး ရလဒ်အနေနှင့် မိုးကြိုးတွေက မြေပြင်ပေါ်က အစီအရင်ကြီးကိုသွားထိမှန်တာကြောင့် ဘုန်းခနဲအသံနဲ့အတူ အစီအရင်ကြီး ဖျက်ဆီးပစ်ခံလိုက်ရပြီး အက်ကြောင်းကြီးက အမြန်ဆုံးအရှိန်နဲ့ ပြန်ပိတ်လာတော့လေသည်။

ယင်ကျင်းရဲ့နဲ့ချီလန်တို့ နောက်ထပ် ပျံတက်လာကြပြီး တစ်ဖက်ကမ္ဘာကနဂါးကြီးကလည်း သူတို့ဆီ နောက်ထပ် မိုးကြိုးတွေ မှုတ်ထုတ်လာခဲ့ပြန်သည်။ အက်ကြာင်းကြီးပိတ်မသွားခင် အထဲရောက်နိုင်စေရန်အတွက် သူတို့အပေါ်ကို တည့်တည့်ပျံတက်သွားကြ၏။

"ကျင်းရဲ့... လန်အာ..."
ယင်သခင်မမှာ စိုးရိမ်တကြီးနဲ့ အော်ခေါ်လာသည်။ ထို့နောက် ရွှေရောင်အလင်းတန်းနှစ်ခုက အောက်ဖက်မှနေ၍ အပေါ်ဘက်သို့ လျှပ်စီးလက်သလို တက်သွားပြီး မိုးကြိုးတွေကြားမှ လှစ်ခနဲဖြတ်ပြေးသွားကာ အက်ကြောင်းပိတ်သွားတဲ့အခိုက်အတန့်၌ ရုန်ယိရဲ့ကိုယ်ထဲ ဝင်ရောက်သွားခဲ့လေသည်။ ရုန်ယိနောက်ကလိုက်လာတဲ့ ပိုင်ယွမ်ချန်က အမြန်ပြောလိုက်သည်။
"ရွှေရောင်အလင်းတန်းတွေ မင်းခန္ဓာကိုယ်ထဲ ဝင်သွားတယ်"

ယခုအချိန် ရုန်ယိခေါင်းထဲ၌ ယင်ဟော့ယောင်နဲ့သူ့လူတွေကို သတ်ပစ်ဖို့အတွေးသာရှိနေပြီး ပိုင်ယွမ်ချန် သူ့ကိုပြောနေတာတွေကို လုံးဝဂရုစိုက်မနေပေ။ ဒါပေမဲ့ လမ်းမှာ ယင်ဟော့ယောင်နဲ့သူ့လူ့တွေက သူတို့မျက်စိရှေ့မှာတင် ရုတ်တရက်ပျောက်ကွယ်သွားတော့၏။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now