ယင်ကျင်းရဲ့ အနည်းငယ် အံအားသင့်သွားမိသည်။
"ဖာသာ ပါဆီရို""ဟုတ်တယ် သူနဲ့ လိုဂတ်စ်တို့က ဒီကမ္ဘာက မဟုတ်ဘူးလေ.. ကျွန်တော် အရင်ကပြောခဲ့သလိုဘဲ သူတို့က နတ်ဘုရားတွေကိုယုံကြည်ကြတာ.. ဒီတော့ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံစည်းမျဥ်းတွေက သူတို့အပေါ်အလုပ်မဖြစ်ဘူး.. သူတို့ ကူညီပေးပါ့မလားဆိုတာတော့ ကျွန်တော်လည်းမသိဘူး... ပြီးတော့ ပါဆီရို သူ့အစွမ်းနဲ့ကယ်ပေးတဲ့အချိန် အဘိုး အန္တရာယ်ရှိနိုင်လားဆိုတာလည်း ကျွန်တော်မသိဘူး"
ထိုအချိန်မှာ ချီလန်တစ်ယောက် အထဲဝင်လာပြီး ရုန်ယိနဲ့ ယင်ကျင်းရဲ့တို့ ခြံဝန်းအလယ်မှာ ရပ်နေတာ တွေ့တဲ့အခါ ချက်ချင်းလှမ်းမေးလာ၏။
"ငါကြားတာတော့ မင်သခင်ကြီးနဲ့ မင်သခင်မကြီးတို့ ရောက်နေကြတယ်ဆို"သူ့ကိုတွေ့တာနဲ့ မင်သခင်ကြီးက သူ့ဆီစိတ်လှုပ်တရှားနဲ့ ခုန်ဝင်လာတော့သည်။
"အမေ.."ချီလန်မှာ အမြန်လက်မြှောက်ကာ တစ်ဖက်သူရဲ့ရင်ဘက်ကိုလှမ်းတွန်းထားလိုက်ရသည်။ အိုမင်းနေတဲ့မျက်နှာကို တွေ့လိုက်ရတဲ့အခါ သူအထိတ်တလန့်ဖြစ်သွားရသည်။
"မင်သခင်ကြီး, ဘာ..ဘာလို့ ဒီလိုပုံဖြစ်သွားရတာလဲ.ခင်ဗျားရဲ့ သက်တမ်းကုန်တော့မှာလား""အမေ."
လူအိုကြီးက သူ့ကိုပျော်မြူးစွာဖက်လိုက်ပြီး
"အမေ.. ကျွန်တော် တန်အာနဲ့ လက်ထပ်ချင်တယ်..တန်အာနဲ့ လက်ထပ်ချင်တယ်.. ကျွန်တော့်အတွက် တင်တောင်းဖို့ ခန်းဝင်ပစ္စည်းတွေ ပြင်ပေးနော်""....."
ချီလန် ရုန်ယိဘက်လှည့်မေးလိုက်သည်။
"သူ ဘာဖြစ်နေတာလဲ""သူ့မှတ်ဉာဏ်တွေ ရှုပ်ထွေးနေတာ"
ယင်ကျင်းရဲ့ သူ့ကိုပြန်ဖြေပေးလိုက်သည်။
"သူ ကိစ္စအတော်များများကို မမှတ်မိဘူး.. လူတွေလည်း မှားနေတယ်""အဖေ"
သူ ယင်ကျင်းရဲ့ကို လှမ်းခေါ်လာလေသည်။
"တန်အာနဲ့ လက်ထပ်ချင်တယ် "ယင်ကျင်းရဲ့ အသာပြန်ပြောလိုက်သည်။
"စဥ်းတောင်မစဥ်းစားနဲ့"လူအိုကြီးက ချီလန့်လက်ကို ဆွဲလှုပ်ရမ်းရင်း
"အမေ.. တန်အာက တစ်ကယ့်ကို အရမ်းအရမ်းကောင်းတာပါ.. အဖေ့ကိုပြောပေးဦး. . လက်ထပ်ပြီးသွားရင် အမေတို့အပေါ် ဝတ္တရားကျေပွန်မှာပါ"
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**