*261* သူကယောက်ျားလေး

1.7K 327 38
                                    


ညနေဖက် ရုန်ကျင်း စာကြည့်ခန်းထဲမှ ထွက်လာတဲ့အချိန်၌ ရုန်ယိတစ်ယောက် တတိယထပ်ကိုပြေးတက်ရင်းနဲ့ အလောတကြီးအော်နေတာ တွေ့လိုက်ရသည်။
"ပိုင်ယွမ်ချန်... ပိုင်ယွမ်ချန်..."

ပိုင်ရှင်းဖေးက အခန်းထဲကအမြန်ထွက်လာပြီး မေးလာ၏။
"ဘာဖြစ်လို့လဲ"

"မရှိတော့ဘူး.... မရှိတော့ဘူး... ကျွန်တော်ရိုက်ထားတဲ့ဓာတ်ပုံတွေအကုန် မရှိတော့ဘူးလို့!"
ရုန်ယိ သူ့ကင်မရာကိုထုတ်ရင်း အလျှင်စလိုပြောလိုက်လေသည်။

ပိုင်ရှင်းဖေးမှာ နားမလည်တဲ့မျက်နှာအမူအယာနဲ့ပြန်မေးလာလေသည်။
"ဓာတ်ပုံ...ဓာတ်ပုံကဘာကြီးလဲ"

ပိုင်ရှင်းဖေး သူပြောနေတာကိုနားမလည်။

ထိုအခါ နောက်ကလိုက်လာတဲ့ရုန်ကျင်းက ဝင်ပြောပေးလိုက်သည်။
"သူပြောတာက ပန်းချီလိုဟာမျိုးဘဲ.. သူရော သူ့ချစ်သူနဲ့ကလေးတွေပုံကိုပါ ထည့်ထားလို့ရတဲ့ဟာမျိုး.. အဲ့တာကို တစ်ချက်နှိပ်လိုက်တာနဲ့ အကုန်လုံးကို မှတ်တမ်းတင်ထားလို့ရတယ်"

ပိုင်ရှင်းဖေး မျက်မှောင်ကြုတ်လျက် ဆိုလာသည်။
"မင်းပြောနေတာက ဘာမှန်းမသိပေမဲ့လည်း မင်းကျင့်ကြံရေးလောကက ဘယ်ဟာကိုမှ ဒီကိုယူလာလို့မရဘူး.. မင်း ကျင့်ကြံရေးလောကကထွက်လာတာနဲ့ မင်းယူလာတာမှန်သမျှက ပျောက်ကွယ်သွားမှာဘဲ"

ရုန်ကျင်း မေးကြည့်လိုက်သည်။
"ဒါဆို ရှောင်ယိက ပါဝင်ပစ္စည်းတွေကိုကျတော့ ဘာလို့ပြန်ယူလာနိုင်တာလဲ"

"မင်းတို့ကမ္ဘာမှာလည်း ပါဝင်ပစ္စည်းတွေကရှိတယ်လေ.. ဒါကြောင့် သူတို့ကမပျောက်သွားတာ"

"ဒီတော့... ကျင်းရဲ့နဲ့ကလေးတွေကို ဒီဓာတ်ပုံတွေကနေတောင် လွမ်းလို့မရတော့ဘူးပေါ့"

ပိုင်ရှင်းဖေး အသာခေါင်းငြိမ့်ပြလိုက်သည်။

ရုန်ယိစိတ်ထဲ ရုတ်တရက် လုံးဝဗလာဖြစ်သွားသည်။  သူအားမရှိစွာ ကြမ်းပြင်ပေါ်ထိုင်ချလိုက်မိ၏။ သူတွေးခဲ့တာက ပြန်ရောက်လာပြီးရင် ဒီပုံတွေကနေတဆင့် လွမ်းနာကျခြင်းရဲ့နာကျင်မှုတွေကို ကုစားနိုင်တယ်ဟု.. ဒါပေမဲ့ နောက်ဆုံးတော့လည်း ပုံထဲကသူတွေမှာ အကုန်လုံးပျောက်ကွယ်သွားကြလေပြီ။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now